Main menu

Background

အိန္ဒိယ၏ ပင်လယ်စာတင်ပို့မှု ၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်း

Tue, 07/12/2011 - 09:36 -- Anonymous (not verified)

အိန္ဒိယ၏ ပင်လယ်စာတင်ပို့မှု ၄ ဒသမ ၅ ရာခိုင်နှုန်းကျဆင်း           အိန္ဒိယရဲ့ အဓိကဈေးကွက်တွေဖြစ်တဲ့ အီးယူနဲ့ ဂျပန်တို့မှ ဝယ်လိုအားလျော့နည်းသွားမှုကြောင့် မေလမှာ အိန္ဒိယရဲ့ ပင်လယ်စာတင်ပို့မှုက ၄ ဒသမ ၅ ကျဆင်းသွားကာ ကန်ဒေါ်လာ ၁၄၆ သန်း သာရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် မေလကမူ ပင်လယ်စာတင်ပို့မှုမှ ကန်ဒေါ်လာ ၁၅၃ သန်းရရှိခဲ့ကြောင်း ပင်လယ်စာ ထွက်ကုန်တင်ပို့မှု တိုးတက်ရေး အာဏာပိုင်အဖွဲ့Marine Products Export Development Authority (MPEDA)  ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရှိရပါတယ်။ ဥရောပစီးပွားရေးအခြေအနေက ကောင်းမွန်မှုမရှိဆဲဖြစ် ကာ ဝယ်လိုအားကလည်း နှေးကွေးနေသေးကြောင်း MPEDA  အရာရှိက ပြောကြားလိုက်တယ်။               ဒါ့ပြင် ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီကြုံတွေ့ခဲ့မှုကြောင့် ဂျပန်မှ ကုန်အမှာတွေ လျော့ကျလျက်ရှိကြောင်း အိန္ဒိယပို့ကုန် တင်ပို့သူတွေအရ သိရှိရပါတယ်။ နန်းထွေးထွေးမေ၊Source:articles.economictimes.indiatimes.com