အိန္ဒိယဆန်တင်ပို့မှု ခွင့်ပြုလိုက်သော်လည်း အာရှဆန်ဈေး ဆက်လက်အားကောင်းနေ

 အိန္ဒိယဆန်တင်ပို့မှု ခွင့်ပြုလိုက်သော်လည်း အာရှဆန်ဈေး ဆက်လက်အားကောင်းနေ             ဇွန်လမှစပြီး မြင့်မားလာတဲ့ အာရှဆန်ဈေးနှုန်းတွေက ဇူလိုင်လမှာလည်း နေ့စဉ်နဲ့အမျှ ဆက်တိုက် ဈေးမြင့်နေတယ်။ ထိုင်းပြည်တွင်းမှာ ဆန်ဈေးမြင့်မယ်ခန့်မှန်းချက်နဲ့ ဆန်ဝယ်ယူသိုလှောင်နေကြခြင်းက ပြည်တွင်း ဈေးနှုန်းကိုသာမက ပြည်ပ ဆန်တင်ပို့မှု ဈေးနှုန်းကိုပါ မြင့်မားစေတယ်။ ဒါကြောင့် ဇွန်လနှောင်းပိုင်းက တစ်တန် ကို ၄၇ဝ ဒေါ်လာသာရှိနေတဲ့ ထိုင်း ၂၅ မှတ် ဆန်ဖြူ က ဇူလိုင်လ ၁၃ ရက်နေ့မှာ တစ်တန်ကို ၅ဝဝ ဒေါ်လာအထိ ဈေးမြင့်လာတယ်။               အာရှစံသတ်မှတ်ဈေးနှုန်းဖြစ်တဲ့ ထိုင်းဆန်ဈေးနှုန်းမြင့်မားလာခြင်းကြောင့် ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံတွေရဲ့ ဆန်တင်ပို့တဲ့ ဈေးနှုန်းတွေကိုပါ မြင့်မားစေတယ်။ ဒါကြောင့် ဇွန်လနှောင်းပိုင်းကတစ်တန်ကို ၄၃၅ ဒေါ်လာနဲ့ ၄၄၅ ဒေါ်လာ (FOB နှုန်းထား)သာရှိနေတဲ့ ဗီယက်နမ်နဲ့ ပါကစ္စတန်ဆန်ဖြူ ၂၅ မှတ်အမိုျးအစားတွေက ဇူလိုင်လ ၁၃ ရက်မှာ တစ်တန်ကို ၄၇ဝ ဒေါ်လာ နဲ့ ၄၉ဝ ဒေါ်လာစီအထိ အသီးသီး ဈေးမြင့်လာခဲ့တယ်။             ဆန်ဈေးမြင့်လာချိန်မှာ အိန္ဒိယကလည်း ပြည်ပကို ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၁ သန်းကို တင်ပို့ဖို့ ဇူလိုင်လ ၁၁ ရက်နေ့က ခွင့်ပြုလိုက်တယ်။ အိန္ဒိယဆန်တင်ပို့မှုသတင်းကြောင့် အာရှဆန်ဈေး ကျဆင်း မသွားတဲ့အပြင် အမေရိကန် ချီကာဂို ကုန်စည်ဈေးကွက်ရှိ ဆန်ဈေးတွေပါ မြင့်မားလာတယ်။ ကမ္ဘာ့ဆန်ဝယ်လိုအား ခိုင်မာလာခြင်း ၊ ထိုင်းနိုင်ငံရဲ့ ဆန် တင်ပို့မှု ဈေးနှုန်း ရေရာသေချာမှုမရှိခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂစစ်တမ်းအရ ကမ္ဘာ့စားနပ်ရိက္ခာအတွက် ကုန်ကျစရိတ်တွေ ဇွန်လ အတွင်းမြင့်မားမှုက ပြီးခဲ့တဲ့ ၁၂ လကထက် ၁ဝ ဆ မြင့်လာခြင်းစတဲ့ သတင်းအချက်အလက်တွေက ကမ္ဘာ့ဆန်ဈေးကို အားကောင်းစေကြောင်း သိရပါတယ်။ ပပ၊Source:Bloomberg.com, riceonline.com, oryza.com