ထိုင်းအစိုးရသစ် ကတိပြုထားသော ဆန်ဝယ်ယူရေးနှုန်းထားအသစ်က အိမ်နီးချင်းနိုင်ငံများထံမှ ဈေးသက်သာသော ဆန်ကိုမှောင်ခိုဝယ်ယူရန် တွန်းအားဖြစ်စေ
ထိုင်းအစိုးရသစ် ကတိပြုထားသော ဆန်ဝယ်ယူရေးနှုန်းထားအသစ်က အိမ်နီးချင်းနိုင်ငံများထံမှ ဈေးသက်သာသော ဆန်ကိုမှောင်ခိုဝယ်ယူရန် တွန်းအားဖြစ်စေ ထိုင်းအစိုးရသစ် ရွေးကောက်ပွဲဝင်စဉ်က လယ်သမား တွေထံမှ ဆန်စပါးကို တိုက်ရိုက်ဝယ်ယူ ကာ ဆန်ဖြူ စပါး တစ်တန်ကို၁၅ဝဝဝ ဘတ် (ကန်ဒေါ်လာ ၄၈၈ ဝန်းကျင်နှုန်း) နဲ့လည်းကောင်း၊ ဟုန်မာလီဆန်မွှေး စပါးတစ်တန်ကို ၂ဝဝဝဝ ဘတ် (ကန်ဒေါ်လာ ၆၅၁ ဝန်းကျင်နှုန်း) နဲ့ လည်းကောင်း ဝယ်ယူ သွားမယ်လို့ ကတိပြုခဲ့တယ်။ ၎င်းဈေးနှုန်းတွေက လက်ရှိဈေးကွက်ပေါက်ဈေး အထက်မှာ ရှိနေရာ ဆန်စက်လုပ်ငန်းရှင်တွေက အစိုးရ သစ်တက်အပြီး နှစ်ကုန်ပိုင်းမှာ အကျိုးအမြတ် ပိုမိုရရေးအတွက် စပါးတွေကို ဝယ်ယူသိုလှောင်နေကြတယ်။ ဒါကြောင့် ဈေး ကွက်အတွင်း လက်လီရောင်းချဖို့အတွက် ဆန်ဝယ်ယူဖို့ ခက်ခဲ နေကြောင်း၊ အစိုးရသစ်က ကတိအတိုင်း ဆောင်ရွက်ပါက ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဆန်ဈေးနှုန်းတွေ ၆ဝ ရာခိုင်နှုန်း မြင့်မားဖွယ်ရှိကြောင်း ခန့်မှန်းကြတယ်။ လက်ရှိ ထိုင်းပြည်တွင်းဆန်စက်လုပ်ငန်းရှင်တွေ လက်ထဲ မှာ စပါးသိုလှောင်ထားမှုများစွာ ရှိနေကြောင်း ၊ အစိုးရသစ်က ကတိပြုထားတဲ့ ဆန်ဝယ်ယူရေးနှုန်းထားအသစ်ကြောင့် ပြည်တွင်းကုန်သည်တွေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေက အကျိုး အမြတ်ပိုမိုရရေးအတွက် အိမ်နီးချင်းနိုင်ငံတွေထံမှ ဈေး သက်သာတဲ့ဆန်ကိုမှောင်ခိုဝယ်ယူဖို့ တွန်းအားဖြစ်စေကြောင်း Bangkok post သတင်းမှာ ဖော်ပြထားပါတယ်။ ပပ၊Source:Bangkokpost.com
