ပဲစင်းငုံကို ပြည်ပအဝယ်တန် ၆ဝဝဝ ကျော်ရှိ ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုသီတင်းပတ် ဇူလိုင်လဒုတိယပတ်မှာ တန် ၆ဝဝဝ ကျော် ပြည်ပအဝယ် စာချုပ်ချုပ်ခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ်က တန် ၁ဝဝဝဝ ထိ အရောင်း အဝယ် စာချုပ်ခဲ့ရာမှ ယခုတစ်ပတ်မှာ ပြန်လျော့ကျလာခဲ့ပါတယ်။ ဇူလိုင်လ ဒုတိယပတ်အထိ လဝက်အတွင်းပဲစင်းငုံတန် ၁၆ဝဝဝ ကျော် FOB အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ မြန်မာပဲစင်းငုံအနီ၊ လင်းခေးစတွေကို အဝယ်ပြန်လိုက်လာတယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ရန်ကုန် FOB ဈေးမှာငြိမ်နေပြီး ဇူလိုင်လ ၁၄ ရက်မှာလည်း ပဲစင်းငုံနီ (FAQ ) တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ၊ ပဲစင်းငုံဖြူနီ၊ အဖြူ (FAQ) တစ်တန် ကန်ဒေါ်လာ ၅၂ဝ-၅၄ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT- MAPT
Background