ပြည်ကုလားပဲဈေး အတက်အကျရှိ ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၇ဝဝဝ ကျပ်ဖြင့် အရောင်း အဝယ်ရှိပြီး ယခုတစ်ပတ်တွင် ၁၈ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိတယ်လို့သိရပါတယ်။ ယခုတစ်ပတ်အတွင်း အောင်လံဘက်မှ အိတ် ၅ဝဝ ခန့် ဝင်ရောက်မှုရှိပြီး ဒေသတွင်းမှ အဝင်ပါးလာခဲ့ပါတယ်။ အရောင်း အဝယ်ဖြစ်မှု အနေဖြင့် ဝယ်လိုအားများတဲ့ရက်များမှာ အိတ် ၇ဝဝ-၈ဝဝ ထိ အရောင်းအဝယ်ရှိပြီး ခွဲစက်သမား၊ အမှုန့်ကြိတ်စက်သမားများကတော့ နေ့စဉ် အဝယ်ရှိပြီး တစ်နေ့အိတ် ၂၅ဝ ကျော်အရောင်းအဝယ် ဖြစ်တယ်လို့သိရပါတယ်။ လွင်လွင်ဆန်း
Background