Main menu

Background

မူဆယ်မှ ပဲယင်းတန် ၁၆ဝ နီးပါးပို့

Sun, 07/17/2011 - 05:44 -- Anonymous (not verified)

မူဆယ်မှ ပဲယင်းတန် ၁၆ဝ နီးပါးပို့                    မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၉၄ သန်းတန်ဖိုးရှိ ပဲယင်း ၁၅၈ ဒသမ ၅ဝ တန် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီ၊ မေ၊ ဇွန် ၃ လကာလအတွင်း နယ်စပ်မှ ပဲယင်း ၃၃၃၃ တန်ခန့်တင်ပို့ထားပြီး ဇူလိုင်လ ၁ ရက်မှ ၁၂ ရက်ထိကာလမှာ ၃ဝ၅ တန်တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးထွက် ပဲယင်းများတင်ပို့နေတာဖြစ်ပြီး တစ်ဖက်နိုင်ငံ ဈေးပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ဈေးမှာ ၁၂ဝဝဝ ကျော်ခန့် လျော့နည်းလျက်ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ဈေးများ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)      ယခု           ယခင်          ပြောင်းလဲမှု    %        ယခု        ယခင်   ပြောင်းလဲမှု    %  ၃ဝ၉၈၈၃    ၃၂၂ဝ၉၃         ၁၂၂၁ဝ         ၄       ၅၅၇         ၅၅၇            -            -MIRT (DOBT)