Main menu

Background

ပြည်ပဲကြီးဈေးကွက်အဝင်ပါးပြီး ပုံမှန်အရောင်းအဝယ်ဖြစ်

Sun, 07/17/2011 - 05:53 -- Anonymous (not verified)

ပြည်ပဲကြီးဈေးကွက်အဝင်ပါးပြီး ပုံမှန်အရောင်းအဝယ်ဖြစ်                 ယခုဇူလိုင်လ ဒုတိယပတ်အတွင်း ပြည်ဈေးကွက်သို့ မကွေးတိုင်းဘက်မှ ပဲကြီးအိတ် ၅ဝ ခန့်သာ ဝင်ရောက်မှုရှိခဲ့ပြီး အဝင် ပါးလာခဲ့တာကို တွေ့ရပါတယ်။ ပဲကြီးဈေးနှုန်းမှာတော့ ယခင်အပတ်ကအတိုင်း ပဲကြီး(ရွှေကျွန်း) တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၁၅၅ဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပဲကြော်ဖိုလုပ်ငန်းသမားများမှ ပုံမှန်အဝယ်ရှိပြီး ရန်ကုန်ဝယ်လက်များလည်း တစ်ခါတစ်ရံ အဝယ်ရှိတယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းမှာ ယခင်နှစ်က တစ်တင်း ၃၃ဝဝဝ ကျပ်ထိ ဇူလိုင်လအတွင်း ဖြစ်ခဲ့သော်လည်း ယခုနှစ် ဇူလိုင်လမှာ တစ်တင်း ၁၆၅ဝဝ ကျပ်သာရှိတဲ့အတွက် လှောင်လက်များ အနေနဲ့ ကြိုက်ဈေးမရဘဲ ငွေလိုသလောက်သာ ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း