Main menu

Background

ချင်းပြန်လည်တင်ပို့

Sun, 07/17/2011 - 05:57 -- Anonymous (not verified)

ချင်းပြန်လည်တင်ပို့                  ဇူလိုင်ပထမပတ်အတွင်း ချင်း ၃၈ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံကို ၁ တန်၊ စင်ကာပူနိုင်ငံကို ၁၂ ဒသမ ၅ တန်နဲ့ အင်ဒိုနီးရှားနိုင်ငံကို ၂၅ တန်အသီးသီးတင်ပို့ ခဲ့ပါတယ်။ ဇွန်ပထမပတ်အတွင်းသာ အပို့ရှိခဲ့တဲ့ ချင်းက လေးပတ်ဆက်တိုက်အပို့ ပျောက်ခဲ့ပြီး ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၄၆ဝ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၆ဝဝဝ ကျော် ရရှိခဲ့ပါတယ်။     MIRT (DOT)