Main menu

Background

မန်ကျည်း တန်ခြောက်ဆယ်ကျော် မလေးရှားနဲ့ စင်ကာပူကို တင်ပို့

Sun, 07/17/2011 - 06:02 -- Anonymous (not verified)

မန်ကျည်း တန်ခြောက်ဆယ်ကျော် မလေးရှားနဲ့ စင်ကာပူကို တင်ပို့                     ဇူလိုင်လ ပထမပတ်အတွင်း မန်ကျည်းတန်ချိန် ၆၃ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားနိုင်ငံ ကို ၁၃ တန်နဲ့ စင်ကာပူနိုင်ငံကို တန် ၅ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်း ပတ်က မန်ကျည်းတန် ရှစ်ဆယ်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မန်ကျည်း တင်ပို့မှုနဲ့ ယှဉ်ရင် တန် နှစ်ဆယ်ကျော်လောက်လျော့နည်းပြီး တင်ပို့ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ငါးရာခုနှစ်ဆယ်နီးပါးနဲ့ တင်ပို့ခဲ့တာကြောင့် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ သုံးသောင်းငါးထောင် ကျော် ရရှိခဲ့ပါတယ်။ MIRT (DOT)