Main menu

Background

ဆော်ဒီနဲ့ အိန္ဒိယသို့ နနွင်းတန် လေးဆယ်ကျော်တင်ပို့

Sun, 07/17/2011 - 06:05 -- Anonymous (not verified)

ဆော်ဒီနဲ့ အိန္ဒိယသို့ နနွင်းတန် လေးဆယ်ကျော်တင်ပို့                ဇူလိုင် ပထမပတ်အတွင်း နနွင်းတန် ၄၄ ဒသမ ၅၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ရှစ်သောင်းလေးထောင် နီးပါးကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံကို ၂၈ တန်နဲ့ အိန္ဒိယကို ၁၆ ဒသမ ၅၃ တန်အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်ကလည်း နနွင်းတန် လေးဆယ်ကျော်တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် နနွင်းတင်ပို့မှုက ယခင်သီတင်းပတ် နနွင်းတင်ပို့မှုကို မှီခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာရှစ်သောင်းကျော် ရရှိခဲ့ပါတယ်။      MIRT (DOT)