Main menu

Background

ဈေးကောင်းရဖို့ အရည်အသွေးကောင်း နနွင်းကို ရွေးစိုက်

Sun, 07/17/2011 - 06:07 -- Anonymous (not verified)

ဈေးကောင်းရဖို့ အရည်အသွေးကောင်း နနွင်းကို ရွေးစိုက်                   ဒီတစ်ပတ်နနွင်းဈေးကွက်ကတော့ နနွင်းခါးတွေကိုသာ ပရဆေးဖော်ဖို့အတွက် ဝယ်ယူနေတယ်လို့ သိရပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်နဲ့ တစ်ပိဿာ ၁၈ဝဝ ကျပ်ပေါက်တယ်လို့ သိရပါတယ်။ ဈေးကြီးမိထားသူတွေ ကတော့ အဲဒီဈေးနဲ့ မရောင်းနိုင်လို့ လက်ကျန်တွေများနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ နနွင်းတွေက အရောင် အသွေးစုံပါတယ်။ ဟိုပုံးကထွက်တဲ့ နနွင်းက အဝါ၊ အနီ (၂) မျိုးသာရှိပြီး မျိုးကောင်းတယ်လို့ သိရပါတယ်။ ပင်လောင်းနနွင်း ကတော့ အရောင်စုံပြီး အဖြူ၊ တိမ်ပြာ၊အ စိမ်း၊ အဝါစတဲ့ အရောင်တွေရှိပါတယ်။ ယခင်နှစ်တွေက နနွင်းဈေးကောင်းတာ ကြောင့် တောင်သူတွေက ထွက်အားကောင်းတဲ့ အဖြူတွေ၊ တိမ်ပြာတွေကို အဝါနဲ့ရောပြီး စိုက်ကြပါတယ်။ ဒီနှစ်တော့ အရည်အသွေး မကောင်းရင် ဈေးကွက်လည်းပျက်တာကြောင့် မျိုးကောင်းတွေကိုသာ ရွေးချယ်ပြီးစိုက်ကြတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ရန်ကုန်ဝယ်လက်တွေက ပရဆေးဖော်ဖို့အတွက် နနွင်းခါးလို့ ခေါ်တဲ့ နနွင်းဖြူနဲ့ တိမ်ပြာတွေကို ရန်ကုန်အရောက် တစ်ပိဿာ ၅ဝဝ ကျပ်နဲ့ ဝယ်ယူနေတယ်လို့လည်း သိရပါတယ်။ နနွင်းကိုလည်း အရည်အသွေးပေါ်မူတည်ပြီး ဈေးဖြတ်ကြတဲ့အတွက် တစ်ပိဿာ ၉ဝဝ ကျပ်မှ ၁၈ဝဝ ကျပ်ဈေး ရှိတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေက သိရပါတယ်။ ဧဧခိုင်