အိန္ဒိယ မျိုးစပ်နနွင်းကို ဝယ်လိုအားတက်လာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဝယ်လက်များမှ မျိုးစပ်နနွင်းကို ဝယ်လိုအားကောင်းလာတာကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ နနွင်းလက်ငင်းဈေးမြင့်တက်ခဲ့ပါတယ်။ မြောက်ပိုင်းကုန်သည်များဟာ တစ်တန်ကို ရူပီး ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၄၈) တိုးပြီး မျိုးစပ်နနွင်းတွေကို မှာယူခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခြားနနွင်း အမျိုးအစားတွေကတော့ ဈေးအနည်းငယ် ကျဆင်းတယ်လို့ သိရပါတယ်။ နနွင်းအိတ် ၈၂ဝဝ ဝင်ရောက်ခဲ့ရာ ၄၅ ရာခိုင်နှုန်းမှာ ရောင်းထွက်ခဲ့တယ်လို့ အီရော့နနွင်း ကုန်သည်များအသင်း ဥက္ကဌ Mr R. K.V ရာဗီရှန်ကာမှ ပြောကြားပါတယ်။ နီဇမ်မာဘတ်နဲ့ ဆင်းလီဈေးကွက်များမှာ နနွင်းဈေးနှုန်းအကျဘက်ဆင်းနေပါတယ်။ ကြိုပွိုင့်ဈေး တစ်တန် ရူပီး ၇၉၉ဝဝ (ကန်ဒေါ်လာ ၁၇၉၇ )နဲ့ ယခုလကုန်တိုင်အောင် အဲဒီဈေးနှုန်းမှာဘဲ ရှိနေနိုင်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ အီရော့သမဈေးကွက်ရှာဖွေရေးအဖွဲ့အစည်းမှာ စပ်မျိုးကောင်းနနွင်းများရောက်ရှိခဲ့ပြီး ဈေးနှုန်းလည်း တစ်တန် ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၂ ဒသမ ၄၉) မြင့်တက်ခဲ့ပါတယ်။ ဈေးကွက်ထိန်းသိမ်းရေး ကော်မတီဝင်းမှာ ဈေးငြိမ်နေပေမဲ့ အရည်အသွေးကောင်းနနွင်းတွေ ရောင်းချရတယ်လို့ ဆိုပါတယ်။ အီရော့နနွင်းကုန်သည်များအသင်း ဈေးဝင်းမှာ နနွင်းလက်ချောင်းဈေး တစ်တန် ရင်းဂစ် ၅၈၆၇ဝ-၇၉၆၆ဝ (ကန်ဒေါ်လာ ၁၃၂ဝ-၁၇၉၂) ရှိပြီး နနွင်းဥဈေးက တစ်တန် ရူပီး ၅၄၆၉ဝ-၇၂၈၉ဝ (ကန်ဒေါ်လာ ၁၂၃ဝ-၁၆၄ဝ) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline
Background