နို့ဆီတန်ချိန် နှစ်ရာကျော်တင်သွင်း ဇူလိုင် ၃ ရက်မှ ၉ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၂၈၃ ဒသမ ၂၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံး သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နို့ဆီမှာ စင်ကာပူနိုင်ငံမှ COW BELL နို့ဆီ ၄ဝ ဒသမ ၁၄ တန်နဲ့ အာရပ်စော် ဘွားများပြည်ထောင်စုနိုင်ငံမှ အိုကေ တံဆိပ် နို့ဆီ ၂၄၃ ဒသမ ၁၂ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ နို့စိမ်းတင်သွင်း ခြင်းမရှိခဲ့ပါဘူး။ယခင်သီတင်းပတ် သွင်း အားကောင်းကောင်းနဲ့ တင်သွင်းလာခဲ့ တဲ့ နို့ဆီက ဒီတစ်ပတ်မှာ အဝင်လျော့ခဲ့ ပါတယ်။ နို့မှုန့်က မလေးရှား၊ နယူးဇီလန်နဲ့ စင်ကာပူနိုင်ငံစတဲ့ နိုင်ငံတွေက မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် က တန်ချိန်ခြောက်ရာကျော် တင်သွင်း ခဲ့တဲ့ နို့မှုန့်က ဒီသီတင်းပတ်မှာတော့ တန်ချိန် တစ်ရာ့နှစ်ဆယ်နီးပါးသာ တင်သွင်းနိုင်ခဲ့တာကြောင့် ယခင်သီတင်း ပတ်အဝင်နဲ့ယှဉ်ရင် ၅ ဆလောက် အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT) နို့စိမ်း တင်သွင်းမှုပို ဇူလိုင် ၆ ရက်မှ ၁၂ရက်ထိ ကာလ အတွင်း ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၄၄၄ဝဝ တန်ဖိုးရှိ နို့ဆီ ၄၅ ဒသမ ၅ဝ၄ တန် (၂၄ဝဝ ဖာ) နဲ့ ကန် ဒေါ်လာ ၁၄၈၆၅ဝ တန်ဖိုးရှိ နို့စိမ်း ၁၅၁ ဒသမ ၆၈ တန်(၈ဝဝဝ ဖာ) တင် သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီ ၇ တန်ကျော် (၃၈၇ ဖာ) လျော့နည်းတင်သွင်းခဲ့သော်လည်းနို့စိမ်း ၁၁၇ တန်ကျော်(၆၂ဝဝ ဖာ) တင်သွင်း မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်မှ နို့ဆီ ၆၅၆ တန်ကျော် (၃၄၆ဝ၆ ဖာ) ၊ နို့စိမ်း ၁၃၃၄ တန်ကျော် (၇ဝ၃၇၆ ဖာ) တင်သွင်းထားခဲ့ပြီးဖြစ်ပါတယ်။ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ် ရေးဇုန်မှ လိပ်ပြာတံဆိပ် ၅ဝဝ ဂရမ်ပါ အထုပ်ကြီးနဲ့ အထုပ်သေး ၂ဝ ပါ ၄ဝဝ ဂရမ်အထုပ် နို့မှုန့် ၃၉ တန် တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၁၁ သန်း ဖိုးကို တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် ကထက် ၂၇ တန် ပိုမိုတင်သွင်းနိုင်ခဲ့ပါ တယ်။ ဧပြီလမှ ဇွန်လကုန်ထိ နယ်စပ်မှ နို့မှုန့် တန် ၃၁ဝဝ ကျော်တင်သွင်းထား ပြီးဖြစ်ပါတယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီလက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၅ဝ ၈၂ဝဒွန်း( နို့စိမ်း) ၆၅ဝ ၇၅ဝFalcon နို့ဆီ ၆၃ဝ -Falcon နို့စိမ်း ၅၃ဝ -အိုကေ( နို့ဆီ) ၆၇ဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆၇ဝ ၇ဝ၅MIRT (DOT)
Background