Main menu

Background

စားအုန်းဆီကြမ်းဈေး အကျဘက်ဆင်းနေ

Sun, 07/17/2011 - 07:36 -- Anonymous (not verified)

 စားအုန်းဆီကြမ်းဈေး အကျဘက်ဆင်းနေ                 မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှု မြင့်တက်ခြင်းနဲ့ သိုလှောင်မှုကလည်း ၁၈ လအတွင်း အမြင့်ဆုံးဖြစ်နေတာကြောင့် အကျဘက်ဆင်းနေတဲ့ စားအုန်းဆီ ကြမ်းဈေးဟာ ဇူလိုင်လ ၁၂ ရက်မှာလည်း ဆက်လက်ဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၉၇) အောက်ကို လျော့ကျနိုင်တယ်လို့ ဈေးကွက် ခန့်မှန်းကြပါတယ်။ မလေးရှားစားအုန်းဆီအဖွဲ့( MPOB )  က ဇွန်လ အတွက် စာရင်းဇယားကို ဇူလိုင် ၁၁ ရက် ထုတ်ပြန်ချက်အရ စားအုန်းဆီ ကြမ်း ထုတ်လုပ်မှုဟာတန်ချိန် ၁ ဒသမ ၇၅ သန်းကိုတိုးတက်ခဲ့တာကြောင့် ပြည်ပ တင်ပို့မှု တန်ချိန် ၁ ဒသမ ၅၈ သန်းအထိမြင့်တက်ခဲ့ပေမဲ့ လကုန်လက်ကျန်ဟာ တန်ချိန် ၂ ဒသမ ဝ၅ ထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။                    စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးတွေ အားလုံးဟာလည်း ကျဆင်းခဲ့ရာ စက်တင် ဘာလစာချုပ်အတွက် စားအုန်းဆီကြမ်းကြိုပွိုင့်ဈေး တစ်တန် ရင်းဂစ် ၃၉ လျော့ကျ ပြီး ရင်းဂစ် ၃ဝ၃၄ (ကန်ဒေါ်လာ ၁ဝဝ၈) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ံHwang DBS Vickers  သုတေသနဌာနမှ ခန့်မှန်းချက်အရ ဥပုသ်လအတွင်း ဝယ်လို အားမြင့်တက်မယ့် အလားအလာနဲ့ အခြားပဲပုပ်ဆီအစား စားအုန်းဆီသိုလှောင်မှုကို မြှင့်တင်ဖွယ်ရှိတာကြောင့် လာမယ့်လများမှာ စားအုန်းဆီတင်ပို့မှု မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စားအုန်းဆီကြမ်းအထွက်နှုန်းမြင့်တက်ခြင်းကြောင့် ထုတ်လုပ်မှုဟာ မနှစ်ကထက်ပိုမိုတဲ့အတွက် သြဂုတ်လကုန်ကစပြီး ယခုနှစ်ကုန် တိုင်အေင် လစဉ် လက်ကျန်ပမာဏဟာ တန်ချိန် ၂ သန်းအထက်မှာ ရှိနေနိုင်တယ် လို့လည်း ဆိုပါတယ်။ ဒါကြောင့် ယခုနှစ် စတုတ္တ ၄ လအတွင်း စားအုန်းဆီကြမ်းဈေး အကျဘက်ကို ဆင်းနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပဲပုပ်ထွက်ရှိမှု ၂ ရာခိုင်နှုန်း ခန့်ကျဆင်းဖွယ်ရှိခြင်းကြောင့် ကာလတိုအတွင်း ပဲပုပ်ဆီရောင်းချမှုနည်းနိုင်ပြီး ပဲပုပ်ကြိတ်ခွဲသူများရဲ့ အမြတ်အစွန်း လျော့နည်းမှုတွေအပေါ် မူတည်ပြီး စားအုန်း ဆီဈေး အပြောင်း အလဲရှိနိုင်တယ်လို့ ဆိုပါတယ်။                     မလေးရှား မြေပိုင်ရှင်များအသင်း ဥက္ကဌ Boon Weng Siew ပြောကြားရာ မှာ ၂ဝဝ၈ ခုနှစ် စတုတ္ထ ၄ လအတွင်း စားအုန်းဆီလက်ကျန်သိုလှောင်မှု တန်ချိန် ၂ သန်းအထိ မြင့်တက်ခဲ့စဉ်က စားအုန်းဆီကြမ်းဈေး တစ်တန် ရင်းဂစ် ၁၅ဝဝ (ကန်ဒေါ်လာ ၄၉၈)ထိ ကျဆင်းခဲ့ဘူးတဲ့အတွက် လက်ရှိသိုလှောင်မှုအခြေအနေ အပေါ် စိုးရိမ်မှု ဖြစ်ရပါတယ်လို့ ဆိုပါတယ်။ အစိုးရရဲ့ B5  (ဇီဝလောင်စာ ၅ ရာခိုင်နှုန်းနဲ့ ရေနံ ၉၅ ရာခိုင်နှုန်း) အစီအစဉ်က ပြည်တွင်းစားအုန်းဆီ လက်ကျန် ပမာဏလျှော့ကျဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဆိုပါတယ်။ အလယ်ပိုင်းဒေသ B5  စီမံကိန်းမှာ ဇီဝလောင်စာ တန်ချိန် ၁၇ဝဝဝဝ မှ ၂ဝဝဝဝဝ အထိ အသုံးပြုဖွယ်ရှိတယ်လို့လည်း မလေးရှားဇီဝလောင်စာဆီအသင်း ဒုတိယ ဥက္ကဌ့ .U . R Unnithan ကဆိုပါတယ်။ အစိုးရအနေနဲ့ ပြည်တွင်းစား အုန်းဆီ သိုလှောင်မှုထဲက တန်ချိန် ၅ဝဝဝဝဝ ကိုလည်း အဲဒီစီမံကိန်းတစ်ခုလုံးမှာ အသုံးပြုဖို့ ရည်မှန်းထားကြောင်း သိရပါတယ်။ယုဇန၊Source: malaysia star