Main menu

Background

ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းပိုမိုစိုက်ပျိုး

Sun, 07/17/2011 - 07:59 -- Anonymous (not verified)

ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းပိုမိုစိုက်ပျိုး                ယမန်နှစ်က ငါန်းဇွန်မြို့နယ်တွင် မိုးနှမ်းစိုက်ဧက ၇၆ဝဝဝ ကျော်ရှိခဲ့သော်လည်း ရာသီဥတုအခြေအနေ မပေးသဖြင့် တစ်ဧက အထွက်နှုန်းကျဆင်းခဲ့ပါတယ်။ ယခုနှစ်တွင် မိုးဦးစောတာကြောင့် နှမ်းစောစောကြဲပက်နိုင်ပြီး စိုက်ဧကလည်း ၃ဝဝဝ နီးပါး ပိုမိုလာရာ စုစုပေါင်း စိုက်ဧက ၇၅၆၆၇ ရှိခဲ့ပါတယ်။ မိုးဦးနှမ်းများရိတ်သိမ်းစ ပြုနေပြီး ယမန်နှစ်ကထက် အလားအလာကောင်းကြောင်း၊ နှမ်းတစ်ဧက ၃ တင်းမှ ၅ တင်းအကြား ထွက်ရှိနိုင်ကြောင်း၊ နောက်ကျစိုက်တဲ့ နှမ်းများအတွက်တော့ မိုးအနည်းငယ်လိုအပ်နေကြောင်း သိရပါတယ်။ မြင့်အောင်