Main menu

Background

ပြည်ပဲပုပ်လက်လီသမားများဖြင့်သာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်

Sun, 07/17/2011 - 08:04 -- Anonymous (not verified)

ပြည်ပဲပုပ်လက်လီသမားများဖြင့်သာ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်                   ပဲခူးတိုင်းဒေသကြီးအတွင်း ယခု တစ်ပတ်ထိ မိုးပဲပုပ်ဧက ၂ဝဝဝ ကျော် စိုက်ပျိုးနိုင်ခဲ့လို့ လျာထားဧကရဲ့ ၈၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားပြီဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေး ငြိမ်နေခဲ့ပါတယ်။ ယခင်နှစ် မိုးပဲပုပ် ထွက်ရှိချိန်မှာတော့ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ဈေးစဖွင့်ခဲ့ပြီး ယခု နှစ်ဈေးဖွင့်ချိန်တွင် တောင်သူများမှ ဈေးကောင်းရရန် စောင့်မျှော်နေတယ် လို့ သိရပါတယ်။ ဈေးကွက်မှာတော့ လက်လီသမားများသာ အဝယ်ရှိပြီး တစ်နေ့ကို ၄-၅ အိတ်မှ ၁ဝ အိတ်ထိ အဝယ်ရှိတယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ