Main menu

Background

ကြိတ်ခွဲသူများ သင်္ဘောတင် ရွှေ့ဆိုင်းခြင်းကြောင့် တရုတ်ပဲပုပ်တင်သွင်းမှု ဇွန်လမှာကျဆင်း

Sun, 07/17/2011 - 08:07 -- Anonymous (not verified)

ကြိတ်ခွဲသူများ သင်္ဘောတင် ရွှေ့ဆိုင်းခြင်းကြောင့် တရုတ်ပဲပုပ်တင်သွင်းမှု  ဇွန်လမှာကျဆင်း                      ကမ္ဘာတွင် ပဲပုပ်အများဆုံးဝယ်ယူ တဲ့ တရုတ်နိုင်ငံရဲ့ ပဲပုပ်ကြိတ်ခွဲသူများ က အကျိုးအမြတ် ရရှိမှုနည်းလို့ သင်္ဘောတင်ရွှေ့ဆိုင်းခြင်းတွေကြောင့် ပဲပုပ်တင်သွင်းမှုဟာ မေလထက်ဇွန်လ မှာ ကျဆင်းခဲ့ပါတယ်။ အကောက်ခွန်ရုံး မှဖော်ပြချက်အရ လွန်ခဲ့တဲ့လမှာ ပဲပုပ် သင်္ဘောတင်သွင်းမှုတန်ချိန် ၄ ဒသမ ၃ သန်းရှိတယ်လို့ သိရပါတယ်။ အဲဒီ ပမာဏဟာ မေလအတွင်း တင်သွင်း တဲ့တန်ချိန် ၄ ဒသမ ၆ သန်းထက် လျော့ကျလို့ ၂ဝ၁ဝ ခုနှစ် ဇွန်လ တင် သွင်းမှုထက်လည်း ၃၁ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။ ယခု နှစ်ဝက်မွေးမြူမှု ကျဆင်းခြင်းက တိရစ္ဆာန် အစာ ဝယ်လိုအားလျော့ ကျခဲ့ပြီး တစ်ဆက်ထဲမှာ ပဲပုပ်ကြိတ်ခွဲ လည်ပတ်မှုကို လျော့ကျစေတဲ့အတွက် ယခုနှစ်ပဲပုပ် တင်သွင်းမှု နှေးကွေး ခြင်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပဲပုပ် တင်သွင်းမှု လျော့ကျတဲ့အတွက် ယခု နှစ်ချီကာကိုမှာ ပဲပုပ်ဈေးနှုန်းက ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းဖို့ဖြစ်စေ ပါတယ်။                      သင်္ဘောတင်မှုဟာ နောက်နှစ် တိုင်အောင် တုံ့ဆိုင်းနိုင်ဖွယ်ရှိတယ်လို့ Jilin Gram Group မှ မန်နေဂျာChen Baomin မှ ပြောကြားပါတယ်။ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ဈေးဟာ တစ် ဘူရှယ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၄၆၂၅ (တစ်တန်ကန်ဒေါ်လာ ၄၉၈) ရှိလာခဲ့တယ်လို့သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကဆိပ်ကမ်း များမှာ သိုလှောင်ပဲပုပ်တန်ချိန် ၆ ဒသမ ၅ သန်း၊ ၇ သန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက စက်တင်ဘာလ ၃ဝ ရက်အထိ ယခုနှစ်အတွင်း ဆီထွက်သီးနံှတင်သွင်းမှုဟာ တန်ချိန် ၅၄ သန်းခန့် ရှိနိုင်တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနကခန့်မှန်းထားပါတယ်။ ယမင်းခင် Source: bloomberg.net