Main menu

Background

မုံရွာပဲကြီး ဝါဝင်ဈေးကွက် ဈေးမတက်

Sun, 07/17/2011 - 08:16 -- Anonymous (not verified)

မုံရွာပဲကြီး ဝါဝင်ဈေးကွက် ဈေးမတက်                       မုံရွာကုန်စည်ဒိုင် ဇူလိုင်ဒုတိယပတ် ပဲကြီးဈေးကွက်မှာ နယ် အဝင်ပါးပြီး၊ အဝယ်လည်းပုံမှန်သာရှိလို့ ဈေးငြိမ်နေလျက် ရှိတာ တွေ့ရပါတယ်။ ဝါဝင်ကာလအကြို ဇူလိုင်ပထမပတ် အတွင်းက လုပ်ငန်းသုံး ပဲကြော်ဖိုတွေ အဆွဲအနည်းငယ်သွက် ခဲ့လို့ တစ်တင်း ကျပ် ၁၅ဝဝဝ ထိ ဈေးလိုက်လာခဲ့ရာက ယခု တစ်ပတ်မှာ ၁၄၅ဝဝ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ မုံရွာဈေးကွက် အတွင်း နယ်ဝယ်လက်မဆင်းခဲ့တဲ့ ဒေသကုန်သည်အချို့ ''လိုဝယ်'' အဆင့်သာရှိခဲ့တဲ့အတွက် တစ်နေ့အိတ် ၂ဝဝ ဝန်း ကျင်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ကြား သိရပါတယ်။ ထွန်းလှိုင်