Main menu

Background

လက်လီသမား အဝယ်ရှိသလို ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိတ့ ဲ ပြည်ထောပတ်ပဲ

Sun, 07/17/2011 - 08:16 -- Anonymous (not verified)

လက်လီသမား အဝယ်ရှိသလို ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိတ့ ဲ ပြည်ထောပတ်ပဲ                         ပြည်ဈေးကွက်တွင် ထောပတ်ပဲဈေးမှာ တစ်တင်း ၁၆၅ဝဝ ကျပ်ဖြင့် ဈေးအပြောင်းအလဲမရှိဘဲ ဈေးငြိမ် ရောင်းဝယ်နေခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ရန်ကုန် ဝယ်လက်အဝယ်ရှိတဲ့ရက်တွင် တစ်ရက်ကို အိတ် ၅ဝ ကျော် အထိ အရောင်းအဝယ်သွက်ခဲ့ပြီး ရန်ကုန်ဝယ်လက်အဝယ်မရှိ သည့်ရက်တွင် ဒေသတွင်း လက်လီသမားများဖြင့် တစ်ရက် ၁၅ အိတ်ခန့်သာ အရောင်းအဝယ် ဖြစ်နေခဲ့ပါတယ်။ ပဲဝင် ရောက်မှုအနေဖြင့် အခြားတိုင်းမှလည်း အဝင်မရှိသလို ဒေသ တွင်းမှာလည်း အဝင်မရှိတော့ဘဲ လက်ကျန်ပဲများဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါတယ်။ ခင်ဆွေဝင်း