Main menu

Background

သရက်အထွက် နာနတ်အတက်

Sun, 07/17/2011 - 08:32 -- Anonymous (not verified)

သရက်အထွက် နာနတ်အတက်                  ယခုအခါ သရက်သီး ရာသီချိန် ကုန်နေပြီဖြစ်တဲ့အတွက် မူဆယ် (၁ဝ၅) မိုင် သစ်သီးဝလံကုန်စည်ဒိုင် သို့ သရက်သီးအဝင် ဆုတ်လာပြီဖြစ်သော်လည်း နာနတ်သီးများ တစ်နေ့ပျမ်းမျှ တန် ၁ဝဝ ဝန်းကျင်ဝင်နေပြီ လို့သိရ ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ဝ၇၅ သန်းတန်ဖိုးရှိ နာနတ် သီး ၅၄၃ တန်ခန့်ကို ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း အပို့ ရှိခဲ့ပါတယ်။ သရက်သီး တင်ပို့မှုမှာ ဟင်္သာအဝင်နည်းနေပြီး ရင်ကွဲသရက် သီးများ အဝင်များနေပါတယ်။ ယခု အပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၉၃ သန်းတန်ဖိုးရှိ သရက်သီးမှည့် ၈၃၄ တန် အပို့ရှိခဲ့ပြီး ကန်ဒေါ်လာ ဝ ဒသမ ဝ၈၂ သန်းတန်ဖိုးရှိ သရက်ပြားခြောက် တန် ၂ဝဝ ကျော် တင်ပို့နိုင်ခဲ့ပါသေး တယ်။ ပြီးခဲ့တဲ့ အပတ်ကထက် သရက်သီး ၇၆၂ တန်လျော့နည်း တင်ပို့ခဲ့သော်လည်း သရက်ပြားခြောက် ၇၈ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ပိုက်တီးမှာ တစ်သျှူး ငှက်ပျောတင်ပို့မှု မရှိခဲ့ပါဘူး။ MIRT(DOBT)