Main menu

Background

ချင်းရွှေဟော်မှလည်း အေးခဲအမဲသား ပထမဆုံးအကြိမ် အပို့ရှိ

Sun, 07/17/2011 - 08:35 -- Anonymous (not verified)

ချင်းရွှေဟော်မှလည်း အေးခဲအမဲသား ပထမဆုံးအကြိမ် အပို့ရှိ               ဇူလိုင်လ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း မြန်မာတရုတ်တယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းမှ ကန်ဒေါ်လာ ၉၉ဝဝဝ တန်ဖိုးရှိအေးခဲအမဲသား တန် ၃ဝ ပထမဆုံးအကြိမ် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ အရိုးထုတ်အမဲသားနဲ့ ကွဲျသား ၁ဝ၂ ဒသမ ၄ တန်နဲ့ အေးခဲအမဲသား ၇၄ ဒသမ ၂ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၅၁၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကထက် အေးခဲအမဲသား ၄ တန်ကျော်နဲ့ အရိုးထုတ်ပြီး အမဲသား/ကွဲျသား ၁ဝ၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလမှ ဇွန်လကုန်ထိ နယ်စပ်မှ အေးခဲအမဲသား တန် ၅၈၈ဝ ကျော်နဲ့ ကွဲျသား ၄၇၃ တန်ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)