တာယာထုတ်လုပ်ရေးများ၏ ဝယ်လိုအားကြောင့် ရော်ဘာဈေးတက်နိုင် တာယာထုတ်လုပ်ရေးများရဲ့ ဝယ်လိုအားတွေ တက်တာကြောင့် အိန္ဒိယရဲ့ သဘာဝရော်ဘာ ဈေးနှုန်းတွေ တက်လိုပေမယ့် လှောင်ကုန်တွေများနေတာကြောင့် တောင်သူတွေနဲ့ ကုန်သည်တွေ အခက်တွေ့နေကြောင်း သိရပါတယ်။ လှောင်ကုန် အဟောင်းတွေကို တောင်သူတွေက ထုတ်ရောင်းဖို့အတွက် ဈေးတက်ဖို့ ခက်နေပြီး ၎င်းတို့ရဲ့ လှောင်ကုန်တွေက အချိန် အတော်ကြာခဲ့ပြီဖြစ်ကြောင်း အိန္ဒိယရော်ဘာရောင်းဝယ်သူများအသင်း(IRDF) ကပြောကြားပါတယ်။ မေလကုန်မှာ အိန္ဒိယရဲ့ သိုလှောင်မှု တန်ချိန် (၂၄၉၄၇ဝ) ရှိပြီး ယခင်နှစ်အလားတူကာလက (၁၈၇၇၅ဝ) တန်ရှိကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ အများဆုံးရော်ဘာထုတ်လုပ်တဲ့ ကာရာလာဒေသမှာ မိုးရွာမှုနည်းသေးတာကြောင့် တောင်သူတွေ အစေးပိုမို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ကာရာလာက တော့တစ်ယန်ဈေးကွက်မှာ ကြပ်တင်ရော်ဘာပြား RSS-4 ရဲ့ ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၂၁၄၅ဝ (၄၈၇ ဒေါ်လာ) ဖြစ်ပြီး အိန္ဒိယအမျိုးသားကုန်စည်ဒိုင်(NMCE) မှာ သြဂုတ် လရဲ့ စာခုျပ်ဈေးနှုန်းက ၁ဝဝ ကီလိုကို ရူပီး ၂၁၆၅၂ ( ၄၉၂ ဒေါ်လာ) ရှိကြောင်း သိရပါတယ်။ အိန္ဒိယက ကမ္ဘာ့စတုတ္ထ ရော်ဘာအများဆုံးထုတ်လုပ်သူဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ ကနေ ရော်ဘာတင်သွင်းပါတယ်။ ၂ဝ၁၁ မှာ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုက အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ရဲ့ အထွက်နှုန်းကျဆင်းတာကြောင့် တန်ချိန် ၉ ဒသမ ၉၃၆ သန်းကို ရောက်ရှိနိုင်ကြောင်း ရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC) ကပြောကြားခဲ့ပါတယ်။ ယခုနှစ်မှာ အိန္ဒိယရဲ့ထုတ်လုပ်မှု က ခန့်မှန်းခြေ တန်ချိန် (၉ဝ၂ဝဝဝ) ရှိနိုင်ပြီး သုံးစွဲမှုတန်ချိန် (၉၇၇ဝဝဝ) ရှိ မှာ ဖြစ်ပါတယ်။ Source: Reuters, KZW
Background