ကုလားပဲဖြူလုံးကြီး

ကုလားပဲဖြူလုံးကြီးစဉ် ကုန်စည်ဒိုင်       ရေတွက်ပုံ      ယခင်   ယခု     ပြောင်းလဲမှု၁ ဘုရင့်နောင်          ၁ ပိဿာ       ၉၇ဝ     ၉၅ဝ၂ မန္တလေး               ၁ ပိဿာ     ၁ဝ၂၂    ၁ဝဝ၄၃ မုံရွာ                    ၁ ပိဿာ      ၉၈၉      ၉၈၉၄ ပခုက္ကူ                 ၁ ပိဿာ      ၉၇၃     ၁ဝဝ၅၅ မြင်းခြံ                 ၁ ပိဿာ      ၉၇ဝ       ၉၇ဝ၆ ရေစကြို               ၁ ပိဿာ      ၉၉ဝ       ၉၈ဝကုလားပဲဖြူလုံးကြီး ဈေးလှုပ်ပြီး အရောင်းအဝယ်ဖြစ်                 မန္တလေးဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်ဝယ်လက်နဲ့ မြို့ခံခွဲစက်တွေက တစ်ပိဿာ ၁ဝဝ၄ ကျပ် (တစ်တန်ကို ၆၁၄၈၃၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့်ဝယ်အားပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင်အပတ်နဲ့ စာရင် ဈေးအနည်းငယ်ကျလာတယ်လို့ ဆိုပါတယ်။ မုံရွာဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးက ဒီတစ်ပတ်မှာ ဈေးကွက်သို့ ပစ္စည်းအဝင်များသလို ရန်ကုန်အဆွဲကလည်း များတာမို့ အရောင်း အဝယ်ဖြစ်မှုများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၉၈၉ ကျပ်(တစ် တန်ကို ၆ဝ၅၆၅၃ ကျပ်)နဲ့ နေ့စဉ်အိတ် ၈၀၀ မှ ၁၀၀၀ ကြားဖြစ်ခဲ့တယ်လို့သိရပါတယ်။ပခုက္ကူ ဈေးကွက်မှာ ကုလားပဲဖြူလုံးကြီးကို ရန်ကုန်အဆွဲများပြီး မြို့ခံခွဲစက်တွေ အဝယ် နည်းနေတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၁ဝဝ၅ ကျပ်(တစ်တန်ကို ၆၁၅၄၅၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝဝ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။