သိပ္ပံနှမ်း

သိပ္ပံနှမ်း စဉ် ကုန်စည်ဒိုင်     ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု ၁ အောင်လံ           ၁ ပိဿာ      ၁၆၆၇  ၁၆၇ဝ နှမ်းဖြူကို မြို့ခံဆီစက်တွေအပြင် တရုတ်အဆွဲပါ ပုံမှန်ရှိနေ            မန္တလေးဈေးကွက်မှာ ဒီတစ်ပတ် နှမ်းဖြူကို တရုတ်ဝယ်လက် နဲ့ ဒေသတွင်းဆီကြိတ်လုပ်ငန်းရှင်များက အရည်အသွေးပေါ်မူတည် ပြီး ဈေးပေးအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၂၆၇ ကျပ် (တစ်တန်ကို ၇၇၅၈၉၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၇ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံနှမ်းကုန်သည်များက ဆိုပါတယ်။မကွေးဈေးကွက်မှာ နှမ်းဖြူကို မန္တလေးအဆွဲ ပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁၃၃ဝ ကျပ် (တစ်တန်ကို ၈၁၄၄၇၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရေစကြိုဈေးကွက်မှာ နှမ်းဖြူကို မြို့ပေါ်နှမ်းလှော်လက်များက တစ်ပိဿာ ၁၂၃၅ ကျပ်(တစ်တန် ကို ၇၅၆၃ဝ၁ ကျပ်) နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ရှိခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေးကွက်မှာ သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက် က ပုံမှန်အဝယ်ရှိနေပြီး ယခင်အပတ်နဲ့စာရင် ဈေးမဆိုသိသလောက် မြင့်လာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ကို ၁၆၇ဝ ကျပ်(တစ်တန်ကို ၁ဝ၂၂၆၉၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃ဝ ခန့်သာဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။