ထိုင်ဝမ်(ကုလားပဲ)

ထိုင်ဝမ်(ကုလားပဲ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ      ယခင်     ယခု      ပြောင်းလဲမှု၁ မန္တလေး             ၁ ပိဿာ         ၈၆၂      ၈၃၆၂ မကွေး               ၁ ပိဿာ         ၈ဝဝ      ၈၅ဝ၃ ပခုက္ကူ               ၁ ပိဿာ         ၈၄၂      ၈၃၆၄ မုံရွာ                  ၁ ပိဿာ         ၈ဝဝ      ၈ဝ၅၅ အောင်လံ           ၁ ပိဿာ         ၈၅ဝ      ၈၅ဝ၆ မြင်းခြံ                ၁ ပိဿာ         ၈၂၅      ၈၄ဝ၇ ရေစကြို             ၁ ပိဿာ          ၈၃၅     ၈၃၅၈ ပြည်                 ၁ ပိဿာ          ၈၂ဝ      ၈၄၅ထိုင်ဝမ်(ကုလားပဲ) ကို ပဲခွဲစက်တွေ ဝယ်အားပုံမှန်ရှိနေ                 မန္တလေးဈေးကွက်မှာ ထိုင်ဝမ်(ကုလားပဲ)ကို မြို့ခံခွဲစက်တွေက  ဝယ်အားပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ် ကျနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃၆ ကျပ်(တစ်တန်ကို ၅၁၁၉၅၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့် ဖြစ်ခဲ့ကြောင်း သိရပါတယ်။မကွေးဈေးကွက်မှာ ကုလားပဲကို မြို့ခံ ထိုင်ဝမ်(ကုလားပဲ) ခွဲစက်တွေက ပစ္စည်းဝယ်ယူဖြည့်တင်းတဲ့အနေနဲ့ ဝယ်အားများလာ တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၈၅ဝ ကျပ် (တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၃၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အောင်လံဈေးကွက် မှာ ကုလားပဲကို ခွဲစက်သမားများက အဝယ်ခပ်ပါးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ပခုက္ကူဈေးကွက်မှာ ကုလားပဲကို ဒေသတွင်းခွဲစက်တွေက တစ်ပိဿာ ၈၃၆ ကျပ် (တစ်တန်ကို ၅၁၁၉၅၈ ကျပ်)နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၃ဝဝ ကြားဝယ်အားပုံမှန် ရှိနေသလို ရောင်းသူကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းများခဲ့တယ်လို့ ဆိုပါတယ်။