ကုန်စည်ဒိုင် သုံးသပ်ချက်

ကုန်စည်ဒိုင် သုံးသပ်ချက်                     မတ်ပဲ(ကုန်ကြမ်း) ကို မတ်ပဲသန့်စင်ရန် ဝယ်ယူနေတဲ့ ကုန်သည်များနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်းဈေး ကွက်မှာ မြန်မာ့မတ်ပဲဈေး အနည်းငယ် ကျနေတာကြောင့် ဘုရင့်နောင်နဲ့ မုံရွာမှာ ဈေးကျ နေပြီး ပြည်နဲ့ မန္တလေးမှာ ဈေးငြိမ် နေတာ ဟင်္သာတတွင် ဈေးမဆိုသလောက်မြင့်နေတာ တွေ့ရပါတယ်။                     ပဲတီစိမ်း(အညာ)ကို အိတ်စပို့ အဆွဲပြန်လိုက်လာတာ ကြောင့် မန္တလေး၊မကွေးနဲ့ ပြည်မှာ ဈေးအနည်းငယ်မြင့်လာပြီး မုံရွာမှာ ဈေးအနည်းငယ်ဆင်းနေကာ ရေစကြိုမှာ ဈေးငြိမ်နေ ကြောင်း တွေ့ရပါတယ်။                       ပဲစင်းငုံနီကို ပြည်ပဝယ်လက်က အောက်ဈေးနဲ့အဝယ်ရှိ သလို ဝယ်အားပါနည်းလာတာကြောင့် ဘုရင့်နောင်၊ မုံရွာ၊ ပခုက္ကူ၊မြင်းခြံ၊ အောင်လံနဲ့ မကွေးမှာ ဈေးအနည်းငယ်ကျလာပြီး မန္တလေးနဲ့ ပြည်မှာ ဈေးတန့်နေကြောင်း တွေ့ရပါတယ်။                       ကုလားပဲဖြူလံုံးကြီးကို အိတ်စပို့ဝယ်လက်နဲ့ ဒေသတွင်း ခွဲစက်တွေက ပဲထွက်ရှိတဲ့ ဒေသရဲ့ အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိတာကြောင့် ပခုက္ကူမှာ ဈေးမြင့်နေပြီး မန္တလေးနဲ့ ရေစကြို မှာ ဈေးအနည်းငယ်ဆင်းနေကာ မုံရွာမှာ ဈေးငြိမ်နေကြောင်း သိရပါတယ်။                       ထိုင်ဝမ်ကုလားပဲကို ပြည်တွင်းပဲခွဲစက်တွေ ဝယ်အား ပုံမှန် ရှိနေတာကြောင့် မကွေး၊ မုံရွာ၊ မြင်းခြံနဲ့ ပြည်မှာ ဈေးအနည်းငယ်မြင့်လာပြီး အောင်လံနဲ့ ရေစကြိုမှာ ဈေးငြိမ်နေကာ မန္တလေး နဲ့ ပခုက္ကူမှာ ဈေးမဆိုသိသလောက်ကျနေတာ တွေ့ရပါတယ်။                      ပြောင်းကို ပြည်ပအဆွဲပုံမှန်ရှိပေမယ့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းလာတာကြောင့် တောြင်ကီး မှာ ဈေးအနည်းငယ်မြင့်နေပြီး မူဆယ်နဲ့ ဟင်္သာတ မှာ ဈေးအနည်းငယ်ကျနေကာ လားရှိုး၊ မန္တလေးနဲ့ မြင်းခြံမှာ ဈေးငြိမ်နေကြောင်း သိရပါတယ်။                       နှမ်းဖြူကို ဒေသတွင်း ဆီကြိတ်လုပ်ငန်းရှင်များသာမက တရုတ်အဆွဲပုံမှန်ရှိတာကြောင့် မန္တလေးနဲ့ မကွေးမှာ ဈေးမြင့့်် နေပြီး မုံရွာနဲ့ ရေစကြိုမှာ ဈေးငြိမ်နေကြောင်း တွေ့ရပါတယ်။                      သိပ္ပံနှမ်းကို ရန်ကုန်ဝယ်လက်အဆွဲပုံမှန်ရှိတာကြောင့် အောင်လံဈေးကွက်မှာ ဈေးအနည်းငယ်မြင့်လာကြောင်း တွေ့ ရပါတယ်။