Main menu

Background

စင်ကာပူရှိ နိုင်ငံခြားသားဇနီးသည်တို့ အခက်အခဲတွေ့

Mon, 07/18/2011 - 07:27 -- Anonymous (not verified)

စင်ကာပူရှိ နိုင်ငံခြားသားဇနီးသည်တို့ အခက်အခဲတွေ့                     စင်ကာပူ နိုင်ငံမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသား ဇနီးသည်တွေမှာ မရေရာမှုနဲ့ စိုးရိမ်းပူပန်မှုတွေနဲ့ တွေ့ကြုံပြီး ဘဝအခက်အခဲတွေ ရှိနေပါတယ်။ စင်ကာပူမှာ မွေးတဲ့သူတို့ကလေးတွေ ကျောင်းထားဖို့၊ စားပွဲပေါ် စားစရာ ရောက်လာဖို့၊ နေထိုင်ဖို့ စတဲ့ အကြောင်းအရာတွေက သူတို့အဖို့ နေ့တဓူဝ ရင်ဆိုင်နေရတဲ့ပြဿနာတွေဖြစ်ပါတယ်။ MediaCorp  က မေးမြန်းခဲ့တဲ့၊ မိသားစု ဝန်ဆောင်မှု စင်တာ (FSCs) များ အဆိုအရ အကူအညီလာတောင်းတဲ့ နိုင်ငံခြားသားဇနီးသည်ဦးရေ တစစ တိုးလာတယ်လို့ သိရပါတယ်။                 FSCs များ၏ အဆိုအရ အကူအညီလာတောင်းကြတဲ့ ဇနီးသည်တွေရဲ့ ခင်ပွန်းအချို့မှာ သေဆုံးသူ သို့မဟုတ် ထောင်ဒဏ်ကျခံနေရသူတွေ ဖြစ်ပါတယ်။ တချို့က ခင်ပွန်းသည်ရဲ့ စွန့်ပစ်ခြင်းခံရသူတွေ ဖြစ်ပါတယ်။ ဒီအမျိုးသမီးတွေက ဝပ်ပါမစ်ရရှိထားသူတွေ ဖြစ်ပေမဲ့ အလုပ်အတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ ပညာအရည်အချင်း မပြည့်စုံသူတွေ ဖြစ်ပါတယ်။ တရားဝင်စာရင်းဇယားတွေ မရှိပေမဲ့ ဒီအရေအတွက်ကတိုးတက်နေတာက စိုးရိမ်စရာ ဖြစ်နေပါတယ်။                     စေတနာ့ ဝန်ထမ်းသက်သာချောင်ချိရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Yong-En Care Centre မှာ ဒီလိုကိစ္စမျိုး ၂ဝ၁ဝ ပြည့်က မရှိခဲ့ပေမဲ့ ယခုနှစ်မှာ ၁၁ ခု ရှိခဲ့ပါတယ်။ ဒီမိသားစုတွေက ဆင်းရဲတဲ့အတွက် ကလေးတွေရဲ့ ပညာရေးက ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါတယ်။ဘာသာစကားကလည်း ပြဿနာတစ်ခု ဖြစ်ပါတယ်။ သူတို့ကို အင်္ဂလိပ်လိုပြောတဲ့အခါ ပြောတာကို သူတို့ နားမလည်ဘူးလို့  Yong-En Care Centre ရဲ့ အမှုဆောင်အရာရှိက ပြောပါတယ်။ Source: CNA