Main menu

Background

၂ဝ၁၅ ခုနှစ်တွင် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများက e- Customs ကို အသုံးပြုမည်

Mon, 07/18/2011 - 07:38 -- Anonymous (not verified)

၂ဝ၁၅ ခုနှစ်တွင် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများက e- Customs ကို အသုံးပြုမည်                  ၂ဝ၁၅ ခုနှစ်မှာ ဗီယက်နမ် စီးပွားရေးလုပ်ငန်း အားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း e- Customs ကို အသုံးပြု နိုင်အောင် ဗီယက်နမ် အထွေထွေ အကောက် ခွန် ဦးစီးဌာနက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဦးစီးဌာနက ကောက်ခံငွေအားလုံးရဲ့ ၉ဝ ရာခိုင်နှုန်းက ၉၅ ရာခိုင်နှုန်း အထိကို အွန်လိုင်းကနေ ကောက်ခံမှာဖြစ်ပါတယ်။ ကုန်သေတ္တာတွေကို စစ်ဆေးတဲ့အခါ စကင်နာများကို အသုံးပြုမှာ ဖြစ်တဲ့အတွက် ကုန်သေတ္တာ တစ်လုံးကို ၃ မိနစ်က ၅ မိနစ်ထိသာ ကြာမှာဖြစ်လို့ စစ်ဆေးချိန်ကိုလျှော့ချ နိုင်တော့မှာ ဖြစ်ပါတယ်။ အဓိကကျတဲ့ နယ်စပ် ဝင်ပေါက်တွေနဲ့ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းတွေကိုလည်း ကင်မရာတွေနဲ့ နေရာပြဂြိုဟ်တုတွေ ကနေ တစ်ဆင့် ထောက်လှမ်းသွားမှာ ဖြစ်ပါတယ်။                  အစိုးရက ချမှတ်ထားတဲ့ ရည်းမှန်းချက်ကို ပြည်မီဖို့အတွက် ဗီယက်နမ် အကောက်ခွန်ဌာနက e- Customs  စနစ်ကိုသုံးသွားပြီး ဒစ်ဂျစ်တယ် လက်မှတ် တွေသုံးပြီး အွန်လိုင်းမှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက် တွေရဲ့ လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ သတင်းအချက်အလက်တွေ ကောက်ယူ၊ စိစစ်၊ ပြုစုရေးအတွက် နည်းဥပဒေများကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။                    Source: Vovnews.vn