Main menu

Background

မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Mon, 07/18/2011 - 08:08 -- Anonymous (not verified)

မြန်မာ့ကုန်သွယ်ဖက် နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်                    ယခုရက်သတ္တပတ်အတွင်း ဥရောပရှိ နိုင်ငံတော်ေြွကးမြီအကျပ်အတည်း များ နက်ရှိုင်းနေပြီး ကမ္ဘာ့စီးပွားရေးနာ လန်ထူမှုကလည်း ကြံ့ခိုင်မှုအားနည်း နေဆဲဖြစ်နေတဲ့အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးနေမှာကို စိုးရိမ်နေ ရပါတယ်။ ဒါကြောင့် အိန္ဒိယရူပီးနဲ့ မလေးရှားရင်းဂစ်တို့ဦးဆောင်ပြီး ယခု ရက်သတ္တပတ်အတွင်း အာရှငွေကြေး တွေတန်ဖိုးကျဆင်းခဲ့ပါတယ်။ တရုတ်ယွမ်             တရုတ်နိုင်ငံခြားငွေဖလှယ်ရောင်း ဝယ်ရေးအဖွဲ့ရဲ့ ဇူလိုင်လ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ တရုတ်ယွမ်ငွေတန် ဖိုးဟာ သုည ဒသမ ၂၅ ရာခိုင်နှုန်းကျ ဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၄၆၆၅ ယွမ်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယရူပီး              ဘလွမ်းဘတ်က ကောက်ယူထား တဲ့စစ်တမ်းအရ ရူပီးငွေတန်ဖိုးဟာ အာရှဈေးကွက်မှာ ဇူလိုင် ၁၄ ရက် မနက် ၉ နာရီ ၃၆ မိနစ်က သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဒေါ်လာ ကို ၄၄ ဒသမ ၄၇၇၅ ရူပီးနှုန်းထိရောက် ရှိခဲ့ပါတယ်။ ရူပီးငွေတန်ဖိုးဟာ ရက် သတ္တနှစ်ပတ်အတွင်း မြင့်တက်နေရာမှ ပြန်လည်ကျဆင်းခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်မှာ ဇူလိုင် ၁၅ ရက် ဈေးကွက်အဖွင့်မှာ ရှယ်ယာတွေ ဈေးတက်ခဲ့တဲ့အတွက် ရူပီးတန်ဖိုးဟာ သုည ဒသမ ဝ၁ ရူပီးမြင့်တက်ပြီး တစ် ဒေါ်လာကို ၄၄ ဒသမ ၄၈ ရူပီးနှုန်းဖြစ် ခဲ့ပါတယ်။ ဂျပန်ယန်း             အမေရိကန်ပြည်ထောင်စုမှာ ေြွကးမြီအမြင့်ဆုံးအဆင့်သတ်မှတ်ရေး အငြင်းပွားနေသလို ဥရောပမှာ ေြွကးမြီ အကျပ်အတည်းဆိုက်နေချိန်မှာ ယန်း ငွေတန်ဖိုးကသောင်းကနင်း ပြောင်းလဲ နေရင် ယန်းငွေတန်ဖိုး ချပေးဖို့ အစိုးရ ကဝင် ရောက်ဆောင်ရွက်မယ်လို့ ဘဏ္ဍာရေး ထိပ်တန်းအရာရှိဟောင်း တာကာ တိုရှီ ကာတိုက ပြောပါတယ်။ ယန်းငွေ တန်ဖိုးဟာ ဇူလိုင်လ ၁၃ ရက် က တစ်ဒေါ်လာ ၇၈ ဒသမ ၅ဝ ယန်း နှုန်းထိရောက်ရှိပြီး စစ်ပြီးခေတ် နောက်ပိုင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၁၅ ရက်ကမူ ၇၉ ဒသမ ၁၂ ယန်းနှုန်းရှိခဲ့ပါတယ်။  မလေးရှားရင်းဂစ်       မလေးရှားရင်းဂစ်တန်ဖိုးဟာ ရက် သတ္တနှစ်ပတ်မြင့်တက်နေတာအဆုံးသတ် ပြီး ဇူလိုင် ၁၄ ရက်နေ့က တစ်ဒေါ်လာ ကို ၃ ဒသမ ဝဝ၄၅ ရင်းဂစ်နှုန်းသို့ ရောက်ရှိကာ သုည ဒသမ ၄ ရာခိုင်နှုန်း တန်ဖိုးကျခဲ့ပါတယ်။ ကမ္ဘာ့ရင်းနှီးမြှုပ်နံှသူတွေက အာရှ ဒေသမှာ ရင်းနှီးမြှုပ်နံှဖို့ လက်ရှောင်လာ ကြတဲ့အတွက် အာရှဒေသရှိ ငွေကြေး တွေရဲ့တန်ဖိုးကျတာနဲ့အညီ ဇူလိုင် ၁၅ ရက်နေ့မှာလည်း ရင်းဂစ် ငွေကြေး တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဆက်လက်ကျဆင်းခဲ့ပါတယ်။ ဥရောပ ဘဏ်က ၁၅ ခုကို ကြံ့ခိုင်မှုစစ်ဆေးခဲ့ ရာ ငါးခု ကျရှုံးမယ်လို့ ကျွမ်းကျင်သူ တွေက ခန့်မှန်းပါတယ်။ ဒါကြောင့် ရင်းဂစ်တန်ဖိုးဟာ ဆက်လက်ကျဆင်း ပြီး တစ်ဒေါ်လာကို ၃ ဒသမ ဝဝ၅ဝ ရင်းဂစ်နှုန်းထိ ရောက်ရှိခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်          ပြည်တွင်းမှာ ဝယ်လိုအားတိုးတက်မှုနှေးကွေးမယ်လို့ ယူဆရတဲ့အတွက် ယခုနှစ်အတွက် စီးပွားရေးတိုးတက်မှု နှုန်း နှေးကွေးမယ်လို့ တောင်ကိုရီးယား ဗဟိုဘဏ်က ဇူလိုင် ၁၅ ရက်နေ့က ခန့်မှန်းပါတယ်။ ဝမ်ငွေတန်ဖိုးကလည်း ယခု ရက်သတ္တပတ်တစ်ခုလုံးအတွက် သုည ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၁ဝ၅၇ ဒသမ ၃၅ ဝမ် နှုန်းသာ ရှိခဲ့ပါတယ်။ ထိုင်းဘတ်            ယခုရက်သတ္တပတ်အတွင်း ပထမ လေးရက်မှာ တရုတ်(တိုင်ပေ)၊ တောင် ကိုရီးယားနဲ့ ထိုင်းရှယ်ယာများရဲ့ အ ရောင်းက အဝယ်ထက် ဒေါ်လာ ၁ ဒသမ ၆ သန်းပိုမိုခဲ့ပါတယ်။ ထိုင်းဘတ် ငွေတန်ဖိုးဟာ ဘန်ကောက်မှာ ဇူလိုင် ၁၄ ရက်မနက် ၈ နာရီ ၄၃ မိနစ်က တစ်ဒေါ်လာကို ၃ဝ ဒသမ ဝ၈ ဘတ် နှုန်းရှိခဲ့ရာမှ ၁၅ ရက်မှာ ၃ဝ ဒသမ ၁၁၉ ဘတ်နှုန်းထိတန်ဖိုးကျခဲ့ပါတယ်။ Sources:bloomberg.com, xinhua