ဟောင်ကောင်ဆိပ်ကမ်းများတွင် ၂ဝ၁၁ ခုနှစ် ပထမသုံးလပတ် ကွန်တိန်နာကိုင်တွယ်မှု ပုံမှန်ရှိ
ဟောင်ကောင်ဆိပ်ကမ်းများတွင် ၂ဝ၁၁ ခုနှစ် ပထမသုံးလပတ် ကွန်တိန်နာကိုင်တွယ်မှု ပုံမှန်ရှိ ၂ဝ၁၁ ခုနှစ် ပထမသုံးလပတ်ကာလ၌ ဟောင်ကောင်ဆိပ်ကမ်းတွင် ကွန်တိန်နာ ကိုင်တွယ်မှု ပမာဏသည် ယခင်နှစ်အတိုင်း ပြောင်းလဲမှုမရှိဘဲ စုစုပေါင်း တန်ချိန် ၆၂ ဒသမ ၇ သန်းရှိပြီး၊ ၎င်းအနက် တင်သွင်းလာသော ကွန်တိန်နာ တန်ချိန် ၃၅ ဒသမ ၉ သန်း ရှိပြီး၊ တင်ပို့သော ကွန်တိန်နာ တန်ချိန်မှာ ၂၆ ဒသမ ၈ သန်းရှိကြောင်း၊ ပင်လယ်ကူး သင်္ဘောဖြင့် တင်ပို့မှုသည် တန်ချိန် ၁ဝ၂ ဒသမ ၂ သန်းရှိ၍ ယခင်နှစ်ထက် ၁ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဟောင်ကောင်ဆိပ်ကမ်းများသည် ပြီးခဲ့သည့် သုံးလပတ်ကာလအတွင်း ပေ ၂ဝ ကွန်တိန်နာ အလုံးပေါင်း ၅ ဒသမ ၅သန်းကိုင်တွယ်ခဲ့၍ ယခင်နှစ်ထက် ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပင်လယ်ကူးသင်္ဘောဝင်ရောက်မှုသည် ၈ဝ၃ဝ စင်းရှိပြီး မြစ်တွင်း သင်္ဘော ဝင်ရောက်မှုသည် ၄၃၁၇ဝ စင်းရှိ၍ ယခင်နှစ်ပမာဏအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရှိရသည်။ ဇာစ်မြစ်။ ။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့။
