Main menu

Background

တရုတ်နိုင်ငံ၏ ၂ဝ၁၁ ခုနှစ် မေ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိ

Mon, 07/18/2011 - 08:37 -- Anonymous (not verified)

တရုတ်နိုင်ငံ၏ ၂ဝ၁၁ ခုနှစ် မေ ငွေကြေးဖောင်းပွမှုနှုန်း အမြင့်ဆုံးသို့ ရောက်ရှိ                  ၂ဝ၁၁ ခုနှစ် မေလ၌ တရုတ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းပြ အဓိက အညွှန်းကိန်းဖြစ်သော စားသောက်ကုန်ဈေးနှုန်း အညွှန်းကိန်းသည် လွန်ခဲ့သော ၃၄ လအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၅ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း အမျိုးသားစာရင်းဇယားဌာနမှထုတ်ပြန်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ပထမငါးလ ၌ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် ၅ ဒသမ ၂ ရာခိုင်နှုန်းရှိကြောင်း၊ ပြီးခဲ့သော ဧပြီလ၌ အခြေခံ စားသောက်ကုန်စည်များသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ မေလတွင် ၁၁ ဒသမ ၇ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ကြောင်း၊ စားသောက်ကုန် မဟုတ်သော လူသုံးကုန်ပစ္စည်းများသည် ဧပြီလ၌ ၂ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ မေလတွင် ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း၊ ယင်းကဲ့သို့သော အခြေအနေများကြောင့် လာမည့်ဇွန်လ၌ ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း၊ နိုင်ငံတကာကုန်ဈေးနှုန်း အပြောင်းအလဲများကြောင့် ပြည်တွင်းစားသုံးကုန်ဈေးနှုန်းများကိုပါ အကျိုးသက် ရောက်စေခြင်းဖြစ်ကြောင်း၊ တရုတ်အစိုးရ အနေဖြင့် ယခုနှစ်တွင် စားသုံးကုန်ဈေးနှုန်းများအား ယခုထက် ပို၍မမြင့်တက်စေရန် စောင့်ကြည့်လေ့လာ ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ဇာစ်မြစ်။ ။ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့၊