Main menu

Background

မီးအားစား ၇ဝ ရာခိုင်နှုန်း သက်သာတဲ့ LED မီးချောင်း

Mon, 07/18/2011 - 09:02 -- Anonymous (not verified)

မီးအားစား ၇ဝ ရာခိုင်နှုန်း သက်သာတဲ့ LED မီးချောင်း                    LED မီးသီးပေါင်းများစွာ စုပေါင်း၍ ခေတ်မီဆန်းသစ်တဲ့ နည်းပညာဒီဇိုင်းနဲ့ပြုလုပ်ထားတဲ့ မီးချောင်းဖြစ်ပါတယ်။ သာမန် မီးချောင်းများထက် မီးအားစား ၇ဝ ရာခိုင်နှုန်းနဲ့အထက် သက် သာပြီး လင်းအားများစွာ ပိုမိုအောင်ပြုလုပ်ထားတဲ့ မီးချောင်း ဖြစ်ပါတယ်။ အဲဒီ LED နီမီးချောင်းဟာ ချုပ်ထည့်ထားစရာမလိုဘဲ တိုက်ရိုက်အသုံးပြုနိုင်တဲ့အတွက် မီးအားမည်မျှပင်ကျစေ လင်းအားကောင်းကောင်းနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နာရီ ငါး သောင်းအထိအထွန်းခံနိုင်ပြီး လင်းအားမပြောင်းတဲ့ မီးချောင်း ဖြစ်ပါတယ်။ ဆူညံသံမရှိဘဲ အခြားအီလက်ထရွန်းနစ် ပစ္စည်းများ အား နှောင့်ယှက်စေတတ်သည့်လှိုင်းများ မထုတ်လွှင့်တဲ့မီးချောင်း လည်းဖြစ်ပါတယ်။ သာမန်မီးချောင်းထက် လင်းအားများစွာပိုမို တဲ့အတွက် စာကြည့်ရာမှာ မျက်စိအားစိုက်စရာမလိုဘဲ ကြည့်နိုင် မှာဖြစ်ပါတယ်။ ဒါ့ပြင် အလင်းရောင်ဟာ အဝါရောင်ဘက်ကို မကူးပြောင်းဘဲ နေ့အလင်းရောင်အတိုင်းရရှိနိုင်တဲ့အတွက် အစား အသောက် ပစ္စည်းများနဲ့ အရာဝတ္ထုပစ္စည်းများရဲ့ နဂိုမူလ အရောင်ကို ထိခိုက်ခြင်းမရှိနိုင်ပါဘူး။ AC နဲ့ တိုက်ရိုက်တွယ် ဆက်၍ဖြစ်စေ၊ DC နဲ့ချိတ်ဆက်၍ဖြစ်စေ အသုံးပြုနိုင်ပါတယ်။ မီးအားကျ၍ဖြစ်စေ၊ မီးအား မငြိမ်မသက်ဖြစ်ခြင်းတို့ကြောင့် မျက် တောင်ခတ်ခြင်းများလည်း မဖြစ်ပေါ်တဲ့ LED မီးချောင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားတဲ့အဆင့်မြင့် နည်းပညာ သုံး သွင်းကုန်အစားထိုး ကုန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့FUDAK Electronic  အမှတ်(၁ဝ၆)၊ ဗိုလ်ရွဲလမ်း၊ လသာမြို့နယ်၊ ဖုန်း-၃၈၈၂၂၅၊ ၇ဝ၉၃၆၅၊ ၄၄၁၁၇၈ဝမှာ ဆက်သွယ်စုံစမ်းပြီး ၄ပေ AC တစ် ချောင်းလျင် ကျပ်၂၁ဝဝဝ၊ ၂ပေAC တစ်ချောင်းလျင်ကျပ် ၁၃ဝဝဝ၊ ၄ပေ DC တစ်ချောင်းလျင် ကျပ် ၂ဝဝဝဝ၊ ၂ပေ DC တစ်ချောင်း လျင် ကျပ် ၁၂ဝဝဝ နဲ့ ဝယ်ယူရရှိနိုင်ပါတယ်။