Main menu

Background

ဈေးချိုတော်ဈေး သမဝါယမအသင်းလီမိတက်မှ အသင်းတည်ထောင်ခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်း ဈေးသည်များအား ကျပ် ၂၄၇ သိန်းထုတ်ချေးပေးခဲ့

Mon, 07/18/2011 - 09:26 -- Anonymous (not verified)

ဈေးချိုတော်ဈေး သမဝါယမအသင်းလီမိတက်မှ အသင်းတည်ထောင်ခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်း ဈေးသည်များအား ကျပ် ၂၄၇ သိန်းထုတ်ချေးပေးခဲ့                      ဈေးချိုတော်ဈေး သမဝါယမအသင်းလီမိတက်ကို ၂ဝဝ၃ ခုနှစ် မှစ၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့တဲ့ ၈ နှစ်ပြည့်ကာလအတွင်း ဈေးသည်များအား ငွေထုတ်ချေးပေးလျက်ရှိရာ ကျပ် ၂၄၇ သိန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရပါတယ်။                      ဈေးချိုတော်အတွင်း ဈေးရောင်းချလျက်ရှိသော အထည်ဆိုင် ခန်းရှင်များအား အေအုပ်စုတစ်ဦးလျင် ကျပ် ၁ဝ သိန်း၊ ဘီအုပ်စု တစ်ဦးလျင် ကျပ် ၅ သိန်းဖြင့် ငွေထုတ်ချေးပေးခဲ့ရာမှ မေ ၁၃ရက်မှ စ၍ လက်လုပ်လက်စား ခေါင်းရွက်ဗျတ်ထိုး ပံျကျဈေးသည် များအား အေအုပ်စုတစ်ဦးလျင် ကျပ် ၁ သိန်း၊ ဘီအုပ်စု တစ်ဦးလျင် ကျပ် ၅ သောင်းဖြင့် ငွေထုတ်ချေးပေးလျက်ရှိပါတယ်။                        ဈေးချိုတော်သမဝါယမအသင်း လီမိတက် အတွင်းရေးမှူး ဦးတင်အေးက ''အသင်းကြီးကနေ ခေါင်းရွက်ဗျတ်ထိုးပံျကျဈေးသည် ၃၂၄ ဦးကို ငွေထုတ်ချေးပေးနိုင်ခဲ့တယ်။ ငွေကြေးစီမံမှုစရိတ်အဖြစ် ၂ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဆောင်ရွက်ပါတယ်။ လုပ်ငန်းလည်ပတ်ငွေ ပမာဏ ကျပ် ၂၅၈၉၂၅ဝဝ ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ လက် လုပ်လက်စားဈေးသည်တွေကို ငွေထုတ်ချေးပေးတဲ့အတွက် ပြင်ပငွေ တိုးချေးစားမှု ပျောက်သွားသလောက်ရှိလာတယ်။ အပြင်ကငွေချေးရင် နေ့ပြန်တိုးဆို ၁ဝ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ အတိုးနှုန်း ကြီးကြီးပေးရတယ်။ အဆိုးဆုံးက မီတာတိုးလို့ခေါ်တဲ့ ငွေချေးခြင်းပဲ။                       မီတာတိုးက မီတာယူနစ်တက်လာသလိုဘဲ ကျပ်တစ်သိန်း ငွေချေးရင် တစ်ရက်ကို ကျပ် ၂ဝဝဝ နှုန်းနဲ့ ကျပ်တစ်သိန်း ပြန်မဆပ်မချင်းပေး နေရတာ။ ဒီဈေးသည်တွေက ဘယ်လိုလုပ်ပြီး တစ်သိန်းကျပ်ကို တစ်လုံးတစ်ခဲတည်း ပြန်ဆပ်နိုင်မှာလဲ။ မေလကစပြီး သူတို့ကို ငွေထုတ်ချေး ပေးလိုက်တော့ သူတို့အတွက် အဆင်ပြေသွားတယ်။ မီတာတိုးနဲ့ ယူထားတဲ့ငွေကိုလည်း ပြန်ဆပ်နိုင်လို့ ပျော်နေကြတယ်။ မီတာတိုးနဲ့ငွေချေးမှုက ပျောက်သလောက်ရှိလာပြီလို့ ပြောတယ်'' လို့ဆိုပါတယ်။                     ဈေးချိုတော်ဈေး သမဝါယမအသင်းလီမိတက်မှ ဈေးသည် များအား ငွေထုတ်ချေးရာတွင် တစ်ခါချေးလျင် ကျပ် ၁ဝဝဝဝ အစု ဝင်စေပြီး အမြတ်ငွေများလည်း ထုတ်ပေးလျက်ရှိကြောင်း၊ ယခုနှစ် အမြတ်ငွေမှာ ၃ဝ၁၁၅၂ဝ ကျပ် ၅၉ ပြားရှိကြောင်း သိရပါတယ်။                    အသင်းကြီးမှ Export ၊ Importလုပ်ငန်းများလည်း ဆောင်ရွက်သွားရန် Export လုပ်ငန်းများတွင် ကောက်ပဲသီးနံှများ၊Import  လုပ်ငန်းများတွင် လူသုံးကုန်ပစ္စည်းများ အရောင်းအဝယ်ပြုလုပ် ရန် စီစဉ်လျက်ရှိကြောင်း၊ ရရှိလာတဲ့အမြတ်ငွေပေါ်မူတည်၍ အစုရှင် များအား အမြတ်ငွေများ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း သိရပါ တယ်။ ဇူးဇူး