Main menu

Background

ဇမ္ဗူရွှေအထူးပြု ကုမ္ပဏီနှင့် အခြားကုမ္ပဏီများမှ အင်္ဂပူမြို့နယ် လယ်ယာကုန်ထုတ် အသင်းများသို့ မိုးစပါးစိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်ပြီ

Mon, 07/18/2011 - 09:35 -- Anonymous (not verified)

ဇမ္ဗူရွှေအထူးပြု ကုမ္ပဏီနှင့် အခြားကုမ္ပဏီများမှ အင်္ဂပူမြို့နယ် လယ်ယာကုန်ထုတ် အသင်းများသို့ မိုးစပါးစိုက်ပျိုးစရိတ်နှင့် သွင်းအားစုများ ပေးအပ်ပြီ                        ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်ရှိ လယ်ယာကုန်ထုတ် အသင်းစု (၅) စုရှိ တောင်သူ (၆၂၂) ဦး၊ စိုက်ဧက (၃၁ဝဝ) အတွက် ဇမ္ဗူရွှေအထူးပြုကုမ္ပဏီမှ သွင်းအားစု မြေသြဇာ အိတ် (၄၆၅ဝ) အိတ်နှင့် N.T.T နှင့် Win and Win ကုမ္ပဏီ တို့မှ စိုက်ပျိုးစရိတ်ငွေအား တစ်ဧကလျှင် ၃ဝဝဝဝ ကျပ်ဖြင့် ပေးအပ်ပွဲကို ယနေ့ ၁၄.၇.၂ဝ၁၁ နေ့ တွင် အင်္ဂပူမြို့တော် ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။                        အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်၊ တိုင်းအဆင့်ဆိုင်ရာ အကြီးအကဲများ ခရိုင်မြို့နယ်များမှ ဌာနဆိုင်ရာ အကြီးအကဲများN.T.T နှင့် Win and Win  ကုမ္ပဏီတို့မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးထွန်းရွှေ နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဇမ္ဗူရွှေ အထူးပြုကုမ္ပဏီမှ ဒေသခံ ဒါရိုက် တာ ဦးမြတ်စိုးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တောင်သူများ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။ ကြည်ဟန်