ကမ္ဘာ့ဈေးကွက်တွင် ထိုင်းဆန်ဈေးမြင့်မည်ကို စိုးရိမ်နေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ

ကမ္ဘာ့ဈေးကွက်တွင် ထိုင်းဆန်ဈေးမြင့်မည်ကို စိုးရိမ်နေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ                     ထိုင်းနိုင်ငံရဲ့ ဆန်ပို့ကုန်ဈေးနှုန်းတွေက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဖြူထိုင်းပါတီရဲ့ ဆန်ကတိကဝတ် မူဝါဒ (တစ် တန်ကို ထိုင်းဘတ် ၁၅ဝဝဝ) ကြောင့် ဆန်ပို့ကုန် ဈေးနှုန်းတွေ ၆၆ ရာခိုင်နှုန်းမြင့်တက်လာနိုင်ကြောင်း ရှမင် (Xiamen)  အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။                     တရုတ်နိုင်ငံက ထိုင်းနိုင်ငံမှ နှစ်စဉ် ဆန်တန်ချိန် ၂ သိန်း မှ ၂ သိန်း ၂ သောင်းကြားကိုတင်သွင်းလျက်ရှိပြီး (Xiamen) မြို့ကလည်း နှစ်စဉ် ဆန်တန်ချိန် ၁ဝဝဝဝ ကိုတင်သွင်းလျက်ရှိ တယ်။ ယခုနှစ် ငါးလပိုင်းအထိ ဌငောနည မြို့က ထိုင်းဆန်တန် ချိန် ၈၁၄၃ ကိုတင်သွင်းခဲ့ရာ ယခင်နှစ်အလားတူကာလနဲ့ နှိုင်းယှဉ်ရာမှာ ၄ဝ ဒသမ ၄ ရာခိုင်နှုန်းတက်သွားခဲ့ပါတယ်။ ထိုင်းဆန်ဈေးနှုန်းပြောင်းလဲခြင်းက ကမ္ဘာ့ဆန်ဈေးကွက် ကို အကျိုးသက်ရောက်နိုင်ပြီး တရုတ်အနေနဲ့ ပူပန်လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:pattayamail.com