ဆန်တင်သွင်းရန် ရှာဖွေနေသည့် အင်ဒိုနီးရှားအစိုးရ

ဆန်တင်သွင်းရန် ရှာဖွေနေသည့် အင်ဒိုနီးရှားအစိုးရ             အင်ဒိုနီးရှားအစိုးရက စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှာ ရောင်းချဖြန့်ဖြူးဖို့အတွက် ဆန်တင်သွင်း ဖို့ စီစဉ်လျက်ရှိကြောင်းကုန်သွယ်ရေးဝန်ကြီး Mari Pangestu  က ဇူလိုင်လ ၁၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။ အရှေ့တောင်အာရှမှာ အကြီးမားဆုံးသော စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက နိုင်ငံတော်ပိုင် Bulog  အေဂျင်စီမှာ ဆန်သိုလှောင်ထားမှုဖူလုံမှုရှိရေးကို ဒုတိယနှစ် ဝက်အတွက် ဆန်တန်ချိန် ၁ ဒသမ ၅ သန်းမှ ၂ သန်းကြားကို သိုလှောင်ထားနိုင်ဖို့အတွက် ဆန်တင်သွင်းလိုကြောင်း မကြာ သေးခင်က ပြောကြားလိုက်တယ်။                   အင်ဒိုနီးရှားက ယခုနှစ်အစောပိုင်းက ၂ဝ၁၁ ခုနှစ်မှာ ဆန်တန်ချိန် ၇ဝ ဒသမ ၆ သန်းထွက်ရှိပြီး ဆန်ပို လံျှမှုရှိမှာ ဖြစ်တာကြောင့် ယခုနှစ်အတွက် နောက်ထပ်ဆန်တင်သွင်းဖို့ လိုအပ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တာနဲ့ ယခုအခါ တခြားစီ ဖြစ်သွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။                   အေးမွန်မွန်လှိုင်၊Source:af.reuters.com