Main menu

Background

ပြည်ပဲတီစိမ်း အရောင်းအဝယ်သွက်နေ

Tue, 07/26/2011 - 05:01 -- Anonymous (not verified)

ပြည်ပဲတီစိမ်း အရောင်းအဝယ်သွက်နေ                 ပြည်ဈေးကွက်သို့ ပဲတီစိမ်းသစ်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယခုတစ်ပတ်အတွင်း တစ်ရက်ကို အိတ် ၆ဝဝ-၇ဝဝ အထိအဝင်များလာခဲ့ပါတယ်။ ဒေသတွင်းမြို့နယ်များဖြစ်သော ပေါက်ခေါင်း၊ ပေါင်းတလည်၊ ပန်းတောင်း၊ ဥသျှစ်ပင်တို့မှ အဝင်ရှိသလို မင်းတုန်း၊ ကံမဖက်မှလည်း ရေလမ်းဖြင့် ဝင်ရောက်လျက်ရှိခဲ့ပါတယ်။ ဇူလိုင်လ ပထမပတ်အတွင်း ပဲတီစိမ်းဈေးမှာ တစ်တင်း ၁၅၆ဝဝ ကျပ်ရှိခဲ့ပြီး ဇူလိုင်လ ဒုတိယပတ်မှစ၍ တစ်တင်း ၁၆၄ဝဝ ကျပ်မှ ယခုဇူလိုင်လ တတိယပတ်တွင် တစ်တင်း ၁၆၅ဝဝ ကျပ်မှ ၁၇ဝဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ရန်ကုန်ဝယ်လက်ရော မန္တလေးဝယ်လက်ပါ အဝယ်ရှိတဲ့အတွက် တစ်ရက်ကို အိတ် ၁၅ဝဝ အထိ အရောင်းအဝယ်ဖြစ်လျက်ရှိတယ်လို့ သိရပါတယ်။                 ခင်ဆွေဝင်း