ပြည်ဘိုကိတ်ပဲ အရောင်းအဝယ်အေးနေ ဇူလိုင် တတိယပတ်တွင် ဘိုကိတ်ဈေးမှာ ပိဿာ ၂ဝ တစ်တင်းကို ကျပ် ၁၁ဝဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်ပတ်များက တိုင်းဒေသကြီး အတွင်းရှိ လက်လီသမားများ အဝယ် ပါးနေတဲ့အတွက် အရောင်းအဝယ် မဖြစ်သလောက်ရှိတယ်လို့ သိရပါတယ်။ ဘိုကိတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့မှုမရှိသလို တိုင်းဒေသကြီးအတွင်း မြို့နယ်များမှလည်း အခြားတိုင်းဒေသ ကြီးသို့ တင်ပို့မှုမရှိဘဲ ဒေသတွင်းသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဆုမွန်မွန်ဆွေ
Background