ချင်း (ဥမ) များအရောင်းသွက် ပြည်ဈေးကွက် ပြည်မြို့ ချင်းဈေးကွက်အတွင်း တစ်ရက်ကို ချင်း(တက်) နဲ့ ချင်း (ဥမ) များ ပိဿာချိန် ၈၅ဝ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ယခုတစ်ပတ်တွင် အောင်ပန်း၊တောင်ကြီးဘက်မှ ချင်း(ဥမ)များသာ ပိဿာ ၃ဝဝင်အိတ်၃ဝဝ ခန့်အဝင် ရှိ ၍ ချင်းအတက်များ အဝင်မရှိတော့ကြောင်း သိရပါတယ်။ ဝယ်လက်များအနေနဲ့ လက်ကျန်ချင်းတက်များကို အဝယ်နည်းနေပြီး ချင်း (ဥမ) များကို အဝယ်များနေ တယ်လို့လည်း ချင်းပွဲရုံတွေက တစ်ဆင့် သိရပါတယ်။ ဈေးကွက်အတွင်း ယခု တစ်ပတ်ချင်းဈေးမှာ တစ်ပိဿာကို ချင်း (ဥမ) ၅၅ဝ ကျပ်-၆၅ဝ ကျပ်၊ ချင်းတက် (ဂျွန်)၁၁ဝဝ ကျပ်၊ (ရှယ်)၁၂ဝဝ ကျပ်တို့နဲ့ ဈေးငြိမ်နေလျက် ဧရာဝတီတိုင်းဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန် ၂၅ဝဝ ခန့်ကို ဈေးကွက်မှ တစ်ဆင့် တင်ပို့ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
Background