Main menu

Background

ဧပြီလမှ ဇွန်လအတွင်း ငရုတ်ကောင်းတင်ပို့မှု ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် အိန္ဒိယ

Tue, 07/26/2011 - 05:20 -- Anonymous (not verified)

ဧပြီလမှ ဇွန်လအတွင်း ငရုတ်ကောင်းတင်ပို့မှု ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် အိန္ဒိယ            ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ပထမလေးလပတ် အတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ ငရုတ်ကောင်းအနက်တင်ပို့မှုက ၆ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း နောက်ဆုံးထုတ်ဒေသ ဆိုင်ရာ ခန့်မှန်းချက်အရ သိရှိရပါတယ်။ ယခင်နှစ် အလားတူ ကာလက တန်ချိန် ၄၂ဝဝ တင်ပို့ခဲ့ရာမှ ယခုနှစ်မှာ ၄၄၆ဝ ကို တိုးတက်တင်ပို့ခဲ့တယ်။                       ဗီယက်နမ်က ကမ္ဘာမှာ ဟင်းခတ် အမွေးအကြိုင် အများဆုံး ထုတ်လုပ်သူနဲ့ တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး ဧပြီ လမှ ဇွန်လအတွင်း တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့ခဲ့ကြောင်း သတင်း ရရှိတယ်။ ဗီယက်နမ်ရဲ့ ယခုနှစ်ဇန်နဝါရီ လမှ ဇွန်လ အတွင်း ငရုတ်ကောင်းအဖြူနဲ့ အနက် နှစ်မျိုးစလုံး တင်ပို့မှုက တန်ချိန် ၆၈ဝဝဝ ရှိခဲ့တယ်။                       မကြာခင် အင်ဒိုနီးရှားနဲ့ ဘရာဇီးတို့မှာ ငရုတ်ကောင်း ရိတ်သိမ်းတော့မှာဖြစ်ရာ လာမဲ့လ အနည်းငယ် အတွင်းမှာ ငရုတ်ကောင်းဈေးနှုန်းကို အဆုံးအဖြတ်ပေးသွားမှာဖြစ်တယ်။ အနောက်အာရှနဲ့ အီးယူမှ ဝယ်ယူ သူတွေက ဗီယက်နမ် ဈေးကွက် မှ ရှောင်ရှားနေတာကြောင့် ငရုတ်ကောင်းဈေးနှုန်း က တစ်တန်ကို ကန်ဒေါ်လာ ၅၅ဝဝ နီးပါးသာရှိတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်လေးပတ်အတွင်းမှာ ဗီယက်နမ် ငရုတ်ကောင်း အဓိက ဝယ်ယူသူမှာ အိန္ဒိယမှ တန်ဖိုးမြှင့် ပြုပြင်ထုတ်လုပ်သူတွေသာဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဘရာဇီးရဲ့ ငရုတ်ကောင်း ရောင်းလိုအား မှာငြိမ်သက်လျက်ရှိပြီး B-Asta grade  အမျိုးအစားကို ယခုနှစ်ကုန်ပိုင်းအထိ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝဝ နဲ့သာ ဆက်လက်ရောင်းချ သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:commodityonline.com