တာယာဝယ်လိုအားတိုး၍ ရော်ဘာပိုမိုတင်သွင်းဖွယ်ရှိ ကမ္ဘာ့စတုတ္ထအကြီးဆုံး ရော်ဘာထုတ်လုပ်သူဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ရော်ဘာတင်သွင်းမှုက ယခုနှစ်မှာ ကား ရောင်းချနှုန်းတက်လာပြီး တာယာနဲ့ လက်အိတ်တွေလဲ ဝယ်လိုအားကောင်းတာကြောင့် ၁၃ ရာခိုင်နှုန်း ခန့်မြင့်တက်ဖွယ် ရှိတယ်လို့သိရပါတယ်။ ယခုနှစ်ဧပြီလ ၁ ရက်နေ့ကစပြီး ဝယ်လိုအားတန်ချိန် နှစ်သိန်းလောက်အထိမြင့်တက်နိုင်ပြီး ယခင်နှစ်ကတန်ချိန် ၁၇၇၄၈၂ တန်သာ ရှိကြောင်း မော်တော် ကားတာယာထုတ်လုပ်သူများအသင်း(ATMA) ရဲ့ညွှန်ချုပ် က ပြောကြားခဲ့ပါတယ်။ ဧပြီမှ ဇွန်လအထိ ၃ လတာအတွင်း ရော်ဘာသွင်းကုန် ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၄၂၉၂၉ တန်ရှိကြောင်း ရော်ဘာအသင်းမှ ထုတ်ပြန်ချက်များမှာပါရှိပါ တယ်။ ဇွန်လတစ်လတည်းကို ဝယ်လိုအား ၆ဝ ရာခိုင်နှုန်း တက်ခဲ့ပြီး တန်ချိန် ၁၉၁၁၈ တန်ရှိကြောင်း သိရပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း တိုကျိုကုန်စည်ဒိုင်မှာ အိန္ဒိယရဲ့ ရော်ဘာ ဝယ်လိုအား ၄၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး MRF နဲ့ အပိုလို တာယာအပါအဝင် အိန္ဒိယတာယာထုတ်လုပ်ရေးတွေရဲ့ စရိတ်မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘာ့ရော်ဘာဈေး ကျဆင်း နေပေမယ့် အိန္ဒိယမှာ အဝယ်လိုက်နေတာကြောင့် ပြည်တွင်းဈေးကတော့ မကျဘူးလို့သိရပါတယ်။ တာယာကုမ္ပဏီအများစု ကတော့ ရော်ဘာအထွက်နှုန်းကျတဲ့ ပထမနှစ်ဝက်မှာ တင်သွင်းဖို့ အစီအစဉ်တွေရှိကြောင်းATMA ရဲ့ညွှန်ချုပ်ကပြောကြား ခဲ့ပါတယ်။ တိုကျိုကုန်စည် ဒိုင်မှာတော့ ဒီဇင်ဘာလအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၄၈ဝ၈ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။ ဘရစ်စတုန်း၊ အပိုလိုနဲ့ MRF တာယာထုတ်လုပ်ရေးတွေကတော့ ဝယ်လိုအားတွေတက်လာတာကြောင့် ဒေါ်လာ သုံးဘီလီယံလောက် ထပ်မံရင်းနှီးမြှုပ်နံှမယ်လို့ ထုတ်လုပ်ရေးအုပ်စုများက ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဒုတိယကားရောင်းချရဆုံး နိုင်ငံဖြစ်တဲ့ အိန္ဒိယဟာ ၂ဝ၁၅ မှာ ၂ ဆမကမြင့်တက်ပြီး အစီးရေ သုံးသန်းလောက် ထုတ်လုပ်ဖွယ်ရှိတာကြောင့် ရော်ဘာဝယ်လိုအား မြင့်တက်နေကြောင်း အစိုးရမှ ပြောကြားပါတယ်။ တာယာထုတ်လုပ်ရေး တွေရဲ့ အဓိကဝယ်လိုအားကတော့ ဘတ်စ်ကားနဲ့ ထရပ်ကားဈေးကွက်အတွက် ဖြစ်ကြောင်းသိရပါတယ်။ တခြားစီးပွားရေး လုပ်ငန်းတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းတိုးတက်ပြီး အခြေအနေကောင်းခဲ့ရင် မော်တော်ကားဝယ်လိုအားတွေ မြင့်တက်ဖွယ်ရှိပြီး ယခုဘဏ္ဍာနှစ်မှာ ကားရောင်းချရနှုန်း ၁ဝ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း အိန္ဒိယ ကားထုတ်လုပ် သူများက ပြောကြားပါတယ်။ ဇွန်လအထိ ရော်ဘာ ထုတ်လုပ်မှု ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမယ့် ဇူလိုင်လမှာ ရော်ဘာတင်သွင်းမှုမြင့်တက်နိုင်ကြောင်း ဗွှဗြ ရဲ့ ညွှန်ခုျပ်ကပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့လက ထုတ်လုပ်မှု ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်ပြီး ၅၉၂ဝဝ တန်ရှိခဲ့တယ်လို့ ရော်ဘာအသင်းရဲ့ စာရင်းများအရသိရပါတယ်။ Source; Financial express ,KZW
Background