ပင်လယ်ရေကြောင်း အပို့ကျ ဇူလိုင်လ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၂၇၂ဝ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၇၈၄ သန်းဖိုးတင်ပို့ ခဲ့ကြပါတယ်။ ယခင်အပတ်က တန် ၆ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ စင်ကာပူ၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းအပို့ကျ ပေမယ့် နယ်စပ်ကတော့ တန် ၈ဝဝဝ ကျော် ပုံမှန်တင်ပို့နေတာတွေ့ရပါတယ်။ FOB ရန်ကုန်ဈေးကတော့ပြောင်းလဲမှုမရှိပဲ တစ်တန်ကို ကန်ဒေါ်လာ ၂၉ဝ မှ ၃၁ဝ ကြားဈေးရလျက်ရှိပါတယ်။ KZW
Background