Drawn တံဆိပ်များသာ တင်သွင်းခဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကနေ ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၃၁၉ ဒသမ ၇၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခုနစ်သောင်း ကျော်ဖိုးနဲ့ နို့စိမ်းကတန်ချိန် ၁၈၂ ဒသမ ၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းနီးပါးဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့တံဆိပ်က စင်ကာပူနိုင်ငံမှ ီတေည တံဆိပ်ပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတင်သွင်းမှုမှာ တန်ချိန် နှစ်ရာ့ရှစ်ဆယ်ကျော်ရှိခဲ့ပြီး ဒီ သီတင်းပတ် နို့ဆီတင်သွင်းမှု တန်ချိန်နဲ့ ယှဉ်ရင် တန်ချိန် ၃ဝ ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ နို့စိမ်းက ယခင်သီတင်းပတ်တင်သွင်း မှုမရှိဘဲ ဒီတစ်ပတ်မှသာ တန်ချိန် ၈၈ဝ ကျော် တင်သွင်းခဲ့တာဖြစ်ပါတယ်။ နို့မှုန့်တင်သွင်းမှုအနေနဲ့ နယူး ဇီလန်နဲ့ ယူအက်စ်အေမှ နို့မှုန့်တန်ချိန် ၃၅ ဒသမ ၆၄ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုက တန်ချိန် တစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တော်တော်လေးလျော့ နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် နို့ဆီအသွင်းပို ဇူလိုင် ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ကော့သောင်းနယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းများ တင်သွင်းမှုရှိရာမှာ ယခင်အပတ်ကထက် နို့ဆီတင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ကန်ဒေါ်လာ ၅၂၇ဝဝ တန်ဖိုးရှိ နို့ဆီ ၅၁ ဒသမ ၁၉ တန် (၂၇ဝဝ သေတ္တာ)နဲ့ ကန်ဒေါ်လာ ၄၅၁၅ဝ တန်ဖိုးရှိ နို့စိမ်း ၄၇ ဒသမ ၄ တန် (၂၅ဝဝ သေတ္တာ) တင်သွင်းမှုရှိခဲ့ ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ သေတ္တာ ၃ဝဝ ပိုမိုတင်သွင်းမှုရှိပြီး နို့စိမ်း သေတ္တာ ၅၅ဝဝ လျော့နည်းတင်သွင်းခဲ့ ပါတယ်။ ယခုအပတ်မှာ တရုတ်နယ် စပ်မှ တင်သွင်းလျက်ရှိတဲ့နို့မှုန့် တင်သွင်းမှု မရှိခဲ့ပါဘူး။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၅ဝ ၈ဝဝဒွန်း( နို့စိမ်း) ၇ဝဝ ၇ဝဝFalcon နို့ဆီ ၆ဝဝ -Falcon နို့စိမ်း ၅၈ဝ -ဝမ်းတီးနို့ဆီ ၆၅ဝ ၇ဝဝအိုကေ( နို့ဆီ) ၇ဝဝ ၇ဝ၅အိုကေ( နို့စိမ်း) ၆၆ဝ ၇ဝ၅MIRT (DOT)
Background