မတ်ပဲ
မတ်ပဲစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ ဘုရင့်နောင် ၁ တန် ၅၅၈ဝဝဝ ၅၃၃ဝဝဝ၂ မုံရွာ ၁ ပိဿာ ၈၂၅ ၈၂ဝ၃ ပြည် ၁ ပိဿာ ၈၆၅ ၈၃ဝ၄ ဟင်္သာတ ၁ ပိဿာ ၈၄ဝ ၈၁၅၅ မန္တလေး ၁ ပိဿာ ၈ဝဝ ၆၆၇မတ်ပဲဈေးဆက်လက်ကျဆင်း ဘုရင့်နောင်ဈေးကွက်မှာ ဒီတစ်ပတ် မတ်ပဲ (RC) ကို ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက အိန္ဒိယမွန်ဘိုင်းဈေးကွက် မှာ မြန်မာ့မတ်ပဲဈေးကျနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်တန်ကို ၅၃၃ဝဝဝ ကျပ်မှ ၅၅၃၅ဝဝ ကျပ်အတွင်း တန် ၂၆၄၅ ခန့် အဝယ် ရှိခဲ့ကြောင်းသိရပါတယ်။ မန္တလေးဈေးကွက်မှာ ရန်ကုန်ဝယ်လက် နဲ့မြို့တွင်းပဲခွဲစက်များက အောက်ဈေးနဲ့ အဝယ်ရှိခဲ့တာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၆၆၇ ကျပ်(တစ်တန် ကို ၄ဝ၈၄၆၄ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၇ဝဝ ကြားသာအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။မုံရွာဈေးကွက်တွင် မြို့ခံခွဲစက်တွေ က ဈေးချအဝယ်ရှိသလို ဝယ်အားပါနည်းလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၂ဝ ကျပ်(တစ်တန်ကို ၅ဝ၂၁၅၉ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ မှ ၃ဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပြည်အနီးတစ်ဝိုက်မှ မတ်ပဲ များပုံမှန်အဝင်ရှိပေမယ့် ရန်ကုန်ဝယ်လက်က အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာ့မတ်ပဲဈေးကျဆင်းနေတဲ့အပေါ် တွက်ချက်ဝယ်ယူ မှုတွေရှိလာကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၈၃ဝ ကျပ်(တစ်တန်ကို ၅ဝ၈၂၈၃ ကျပ်)နဲ့ တစ်ပတ်အတွင်း အိတ် ၂၈ဝဝ ခန့်ဖြစ်ခဲ့ကြောင်း မြို့ခံပဲကုန်သည်တစ်ဦးကဆိုပါတယ်။ ဟင်္သာတဈေးကွက်မှာ မတ်ပဲ(ကုန်ကြမ်း)ကို ရန်ကုန်ဝယ်လက်က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ရောင်းဈေးကျနေတဲ့ အပေါ်အကြောင်းပြပြီး ဈေးလျော့အဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၈၁၅ ကျပ်(တစ်တန်ကို ၄၉၉ဝ၉၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁၂ဝဝ မှ ၂ဝဝဝ ကြားအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
