ပဲတီစိမ်း(အညာ)

ပဲတီစိမ်း(အညာ)စဉ် ကုန်စည်ဒိုင်      ရေတွက်ပုံ     ယခင်     ယခု     ပြောင်းလဲမှု၁ မုံရွာ                 ၁ ပိဿာ      ၉၄၇     ၁ဝဝဝ၂ မန္တလေး             ၁ ပိဿာ     ၁ဝ၁၃    ၉၇၈၃ မကွေး               ၁ ပိဿာ      ၈၂ဝ    ၇၉ဝ၄ ရေစကြို             ၁ ပိဿာ       ၆၈၅    ၆၈၅၅ ပခုက္ကူ               ၁ ပိဿာ       ၈ဝဝ   ၇၄၇၆ ပြည်                 ၁  ပိဿာ      ၈ဝဝ   ၈ဝဝ၇ အောင်လံ           ၁ ပိဿာ      ၈ဝဝ    ၈၇၅ပဲတီစိမ်း(အညာ)ကို တရုတ်က အရည်အသွေးပေါ်မူတည်ပြီး အဝယ်ရှိနေ                 မုံရွာဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင်ပုံမှန်ရှိ ပေမယ့် တရုတ်သို့တင်ပို့ရန် ဝယ်ယူနေတဲ့ မန္တလေးဝယ်လက်က အရည်အသွေးပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၁ဝဝဝ ကျပ် (တစ်တန်ကို ၆၁၂၃၉ဝ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ မှ ၈ဝဝ ကြားဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပဲတီစိမ်းကြီးကို တရုတ်ဝယ်လက်က အရည်အသွေးလိုနေတာကို အကြောင်းပြပြီး ဈေးချအဝယ်ရှိခဲ့တာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးကျလာပြီး တစ်ပိဿာကို ၉၇၈ ကျပ် (တစ်တန်ကို ၅၉၈၉၁၇ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝဝ မှ ၁၂ဝဝ ကြားသာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မြို့ခံပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ မကွေးဈေးကွက်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပဲတီစိမ်းဈေးကွက်သို့ အဝင်နည်းနေသလို မန္တလေး ရန်ကုန်ဝယ်လက်ကလည်း ဈေးချအဝယ်ရှိနေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာကို ၇၉ဝ ကျပ် (တစ်တန်ကို ၄၈၃၇၈၈ ကျပ်)နဲ့ နေ့စဉ်အိတ် ၁ဝဝ မှ ၂ဝဝ ကြားအရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ပခုက္ကူဈေးကွက်မှာ ပဲတီစိမ်းကြားကို ဝယ်လက်တွေက အရည်အသွေးအပေါ်မူတည်ပြီး တွက်ချက်ဝယ်ယူမှုတွေရှိလာတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအ နည်းကျလာပြီး တစ်ပိဿာကို ၇၄၇ ကျပ်(တစ်တန်ကို ၄၅၇၄၅၅ ကျပ်)နဲ့ နေ့စဉ်အိတ် ၂ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ဈေးကွက်မှာ ပဲတီစိမ်းကြီးက ဈေးကွက်သို့အဝင် ပုံမှန်ရှိနေသလို ရန်ကုန်-မန္တလေး ဝယ်လက်တွေကလည်း တစ်ပိဿာ ကို ၈ဝဝ ကျပ် (တစ်တန်ကို ၄၈၉၉၁၂ ကျပ်)နဲ့ နေ့စဉ်အိတ် ၅ဝဝ ခန့်ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ သိရပါတယ်။