ပြောင်း
ပြောင်းစဉ် ကုန်စည်ဒိုင် ရေတွက်ပုံ ယခင် ယခု ပြောင်းလဲမှု၁ တောင်ကြီး ၁ ပိဿာ ၂၄၅ ၂၄ဝ၂ လားရှိုး ၁ ပိဿာ ၂၈၅ ၂၈၅၃ မူဆယ် ၁ တန် ၂၂၅၄၃၃ ၂၂၁၈၆၄၄ မန္တလေး ၁ ပိဿာ ၂၆၉ ၂၇၄၅ မြင်းခြံ ၁ ပိဿာ ၂၆ဝ ၂၅၇၆ ဟင်္သာတ ၁ ပိဿာ ၂၄၅ ၂၆ဝ၇ ရေစကြို ၁ ပိဿာ ၂၆ဝ ၂၆ဝပြောင်းလက်ကျန်နည်းနေပေမယ့် အရောင်းအဝယ်ပုံမှန်ရှိနေ တောင်ကြီးဈေးကွက်မှာ ပြောင်းကို ရန်ကုန်-မန္တလေး ဝယ်လက်တွေအပြင် ဒေသတွင်း အစာစပ်လုပ်ငန်းရှင်များပါ ဝယ်အားပုံ မှန်ရှိနေသလို လှောင်လက်ကုန်သည်များကလည်း အဆိုပါဈေးနဲ့ အရောင်းရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၄ဝ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၁၃၇ဝဝဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မူဆယ်ဈေးကွက်မ် ှာ ပြောင်းကို တရုတ် ဝယ်လက်က တရုတ်ယွမ်ဝယ်ဈေးကျနေတဲ့အပေါ် တွက်ချက်ဝယ်ယူ မှုတွေရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျ နေတယ်လို့ဆိုပါတယ်။မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ် လက်က တစ်ပိဿာကို ၂၇၄ ကျပ်နဲ့ နေ့စဉ်အိတ် ၁ဝဝဝ ခန့် ဝယ်အားပုံမှန်ရှိခဲ့တယ်လို့ သိရပါတယ်။ရေစကြိုဈေးကွက်မှာ ပြောင်း ကို မန္တလေးအဆွဲ ပုံမှန်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးတန့်နေ တယ်လို့ သိရပါတယ်း။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၂၆ဝ ကျပ်နဲ့ နေ့စဉ် အိတ် ၂ဝဝ မှ ၃ဝဝ ကြား ရှိခဲ့တယ်လို့ သိရပါတယ်။ ဟင်္သာတဈေးကွက်မှာ ပြောင်းကို ရန်ကုန်အဆွဲပုံမှန်ရှိတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးအနည်းငယ်မြင့်လာပြီး တစ်ပိဿာကို ၂၆ဝ ကျပ်နဲ့ နေ့စဉ် အိတ် ၃၅ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လာရှိုးဈေးကွက်မှာ ပြောင်းက ရောင်းသူကုန်သည်တွေ ထံမှာ ပစ္စည်းလက်ကျန်နည်းနေပေမယ့် တရုတ်အဆွဲကတော့ ပုံမှန် ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာကို ၂၈၅ ကျပ်နဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၁၇ဝဝ ခန့် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
