Main menu

Background

ပြည်ပဝယ်လိုအား အလားအလာကြောင့် စားအုန်းဆီကြမ်းဈေး ဒုတိယနေ့အဖြစ် မြင့်တက်

Tue, 07/26/2011 - 06:50 -- Anonymous (not verified)

 ပြည်ပဝယ်လိုအား အလားအလာကြောင့် စားအုန်းဆီကြမ်းဈေး ဒုတိယနေ့အဖြစ် မြင့်တက်                   ပြည်ပဝယ်လိုအားပြန်လည်မြင့်တက်လာခြင်းနဲ့ ပြည်ပကုန်စည်ဈေးကွက် ဈေးနှုန်းမြင့်တက်လာခြင်း တို့ကြောင့် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြိုပွိုင့်ဈေး ဒုတိယနေ့အဖြစ် မြင့်တက်လာခဲ့ပါတယ်။ ဘာစာမလေးရှား ကုန်စည်ဒိုင် မှာ အောက်တိုဘာလအခြေခံစံနှုန်း စာချုပ်ဈေးဟာ ၁ ဒသမ ၅ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၁၅၃ (ကန်ဒါ်လာ ၁ဝ၅၂) နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။                         ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကိုကန်ဒေါ်လာ ၅၈ ဒသမ ဝ၂ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၇၉)နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဇူလိုင်လ ၁ ရက်မှ ၂ဝ ရက်အတွင်း မလေးရှားရဲ့ စားအုန်းဆီ ပြည်ပတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ဝ၂ သန်းရှိတယ်လို့ ကုန်စည်စစ် ဆေးတဲ့ Intertek Agri Services က ပြောကြားပါတယ်။ ဇူလိုင်လအတွင်းမှာ တန်ချိန် ၁ ဒသမ ၅ဝသန်း အထိတင်ပို့နိုင်မယ်လို့ ကုန်သည်များက မျှော်လင့်ထားပါတယ်။                     တရုတ်နိုင်ငံက ဈေးကွက်အတွင်း စားဆီဈေးနှုန်း ထိန်းချုပ်မှုကို ဖယ်ရှားဖို့ ဆွေးနွေးနေခြင်းက လည်း ဈေးကွက်ဈေးနှုန်း ကို မြင့်တက်စေတယ် လို့ စင်ကာပူ အခြေစိုက် ရင်းနှီးမြှုပ်နံှမှုဘဏ်မှ လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ တရုတ် နိုင်ငံဟာ ငွေကြေးဖောင်းပွမှုကိုလျှော့ချမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ နိုဝင်ဘာလ အတွင်းမှာ စားဆီထုတ်ကုန်တွေ အပေါ် ဈေးနှုန်းထိန်းချုပ် မှုပြုလုပ်ခဲ့ တာဖြစ်ပါတယ်။ ထုတ်လုပ်မှုရာသီက စတင်ကာစပဲ ရှိသေးတာကြောင့် ယခုလကုန်မှာ တစ်တန်ကို ရင်းဂစ်၃၂ဝဝ(ကန်ဒေါ်လာ ၁ဝ၆၈)နီးပါးအထိ မြင့်တက်လာနိုင်တယ်လို့ မလေးရှား အခြေစိုက်စိုက်ပျိုးရေးကုမ္ပဏီ မန်နေဂျာတစ်ဦးက ဆိုပါတယ်။                ဒါပေမဲ့ ဥပုသ်လဝယ်လိုအားပြည့်လုနီးပါးဖြစ်တဲ့ ယခုလနောက်ပိုင်းမှာ ပြည်ပ တင်ပို့မှု ကျဆင်းဖွယ်ရှိတယ်လို့ OSK Investment Bank  မှ ဒုတိယဥက္ကဌ Ryan Long က ဆိုပါတယ်။ စားအုန်းဆီဈေးဟာ ပဲပုပ်ဆီဈေးထက် ဈေးနိမ့်ကျမှုများ တာ ကြောင့် ဈေးသက်သာတာကို ဝယ်ယူတဲ့ ပါကစ္စတန်၊ အိန္ဒိယနဲ့ အီဂျစ်တို့လို နိုင်ငံ တွေက ဝယ်လိုအားကောင်းလာနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လက်ငင်း ဈေးကွက်မှာ သြဂုတ်လပို့ရမယ့် သန့်စင်ပြီး စားအုန်းဆီ (Palm Olein)  ဈေးဟာ တစ်တန်ကို ၁၅ ဒေါ်လာမြင့်တက်ပြီး တစ်တန်ကန်ဒေါ်လာ ၁၁၆၅ ဈေးဖြစ်ခဲ့ပြီး ချက်ချင်းပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက ရင်းဂစ် ၃ဝ မြင့်တက်ပြီး ရင်းဂစ် ၃၁၆ဝ (ကန်ဒေါ်လာ ၁ဝ၅၄) ဈေးဖြစ်ခဲ့ပါတယ်။ ယုဇန၊ Source: palmoilhq.com