Main menu

Background

နှမ်းအပို့ ပြန်တက်လာတဲ့ မြန်မာ တရုတ်နယ်စပ်

Tue, 07/26/2011 - 06:56 -- Anonymous (not verified)

နှမ်းအပို့ ပြန်တက်လာတဲ့ မြန်မာ တရုတ်နယ်စပ်                      ၂ဝ၁၁ ဇွန်လမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁  ဒသမ ဝ၅၃ သန်းတန်ဖိုးရှိ နှမ်းနက် တန် ၂၂ဝ ကျော်နဲ့ နှမ်းဖြူ ၅၄၅ တန်ခန့် အပို့ရှိခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ မေလမှာ နှမ်းမျိုးစုံ ၈၁၁ တန်ခန့်နဲ့ ယမန်နှစ်ကာလတူမှာ ၁၂၇ဝတန်ခန့် အပို့ရှိခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ နှစ်စဉ် နှမ်းတန်ချိန် ၇ သိန်းကျော် ထုတ်လုပ်မှုရှိသော်လည်း ၎င်းတို့ရဲ့ စားသုံးမှုလိုအပ်ချက် ပြည့်မီခြင်းမရှိတာကြောင့် ဝယ်လိုအားရှိတဲ့ သီးနံှဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ တရုတ်သို့ အိန္ဒိယနဲ့ အာဖရိကနိုင်ငံအချို့မှ နှမ်းဖြူများ သက်သာသောဈေးနဲ့ အဝင်ရှိနေတယ်လို့ သိရပါတယ်။ ရွှေလီဈေးတစ်တန် ယွမ် ၈ဝဝဝ မှ ၉ဝဝဝ ခန့် ရှိ တဲ့အတွက် မိမိပြည်တွင်းဈေးနဲ့ တရုတ်သို့ ရောင်းချရာမှာ အကျိုးအမြတ်မရှိပဲ အခြားနိုင်ငံများနဲ့ ဈေးနှုန်းယှဉ်ပြိုင် ရတဲ့အတွက် တင်ပို့မှုများ ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လ (၁) ရက်မှ (၁၉) ရက်ထိ ကာလအတွင်းမှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၅၆ သန်း တန်ဖိုးရှိ နှမ်းဖြူနဲ့ နှမ်းနက် ၁၁၁၇ တန်ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် ဧပြီလမှ ဇွန်လထိ လအလိုက် နှမ်း တင်ပို့မှုများကို ဖော်ပြပေးလိုက်ရပါတယ်                           ကန်ဒေါ်လာ(သန်း)ကာလ     တန်ချိန်     တန်ဖိုးဧပြီလ         ၂၇၄        ဝ .၄၁၄မေလ          ၈၁၁        ၁ .၂၁ဝဇွန်လ          ၇၆၅        ၁ .ဝ၅၃ဇူလိုင်လ      ၁၁၁၇        ၁ .၅၆ဝ( ၁ ရက်မှ ၉ ရက်ထိ)MIRT(DOBT)