Main menu

Background

၂ဝ၁၁ အတွင်း တရုတ်ပဲပုပ် တင်သွင်းမှု လျော့ကျဖွယ်ရှိ

Tue, 07/26/2011 - 07:04 -- Anonymous (not verified)

၂ဝ၁၁ အတွင်း တရုတ်ပဲပုပ် တင်သွင်းမှု လျော့ကျဖွယ်ရှိ                         တရုတ်နိုင်ငံတော် ကောက်ပဲသီးနံှနဲ့ ဆီသတင်းအချက်အလက် ဌာန မှ ပြောကြားချက်အရ အစိုးရက နိုင်ငံ တော် အရန်သိုလှောင်မှုထဲက ပဲပုပ်များ ဆက်တိုက် ထုတ်ရောင်းနေတာကြောင့် ယခုနှစ် တရုတ်နိုင်ငံရဲ့ ပဲပုပ်တင်သွင်းမှု ဟာ ယခင်နှစ်ထက် ၆ ဒသမ ၉ ရာခိုင် နှုန်းကျဆင်းပြီး တန်ချိန် ၅၁ သန်းခန့် ရှိမယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ ၂ဝဝ၄ ခုနှစ်နောက်ပိုင်း တင်သွင်းမှုတွေ ထဲမှာ ပထမအကြိမ် တင်သွင်းမှု လျော့ ကျခြင်း ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ပဲပုပ်ဖတ် ဈေးမြင့်တာကြောင့် ဇူလိုင်လ ၁၈ ရက် နေ့ ပဲပုပ်ကြိုပွိုင့်ဈေးကလည်း အမြင့်နဲ့ ပိတ်ခဲ့ပါတယ်။ တရုတ်တောင်သူများ ဟာ ဝက်သားဈေး သိသိသာသာ မြင့် တက်မှုကြောင့် ဝက်မွေးမြူရေးကိုတိုးခဲျ့ ခဲ့တဲ့အတွက် တိရစ္ဆာန်အစာကုန်ကြမ်း ဝယ်လိုအားကြီးမားလာတဲ့ သတင်းများ အရ ပဲပုပ်ဖတ်ကြိုပွိုင့်ဈေး မြင့်တက်ပြီး တစ်တန်ကို ယွမ် ၄၆၆၄ (ကန်ဒေါ်လာ ၆၉၁) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်းမှာ ဆိပ်ကမ်းများ ကြပ်ညှပ်မှုကြောင့် ဇူလိုင်လ ပဲပုပ် တင်သွင်းမှုအနေနဲ့ တန်ချိန် ၅ ဒသမ ၁၆ သန်းဝန်းကျင်ကို တိုးတက်ဖွယ်ရှိ တယ်လို့လည်း သိရပါတယ်။ ယမင်းခင် Source: nnscommodityonline