Main menu

Background

အနိမ့်ဆုံးတစ်ရက်လုပ်ခ ဘတ် ၃ဝဝ သတ်မှတ်ပါက ထိုင်းနိုင်ငံရှိ ပြည်ပရင်းနှီးမြှုပ်နံှမှုများ အခြားအာရှနိုင်ငံများ သို့ ရွှေ့ပြောင်းဖွယ်ရှိဟု ပြောကြားနေ

Tue, 07/26/2011 - 07:33 -- Anonymous (not verified)

အနိမ့်ဆုံးတစ်ရက်လုပ်ခ ဘတ် ၃ဝဝ သတ်မှတ်ပါက ထိုင်းနိုင်ငံရှိ ပြည်ပရင်းနှီးမြှုပ်နံှမှုများ အခြားအာရှနိုင်ငံများ သို့ ရွှေ့ပြောင်းဖွယ်ရှိဟု ပြောကြားနေ                        ထိုင်းနိုင်ငံ အနိုင်ရဖြူထိုင်းပါတီက တစ်နိုင်ငံလုံးမှာ အနိမ့်ဆုံးလုပ်ခ တစ်ရက်ဘတ် ၃ဝဝ ရရှိရန် ကတိပြုမှုဟာ နိုင်ငံခြားရင်းနှီးမြှုပ်နံှသူများအား စရိတ်မြင့်မားစေနိုင်တဲ့ အတွက်အခြားဒေသများသို့ ရွှေ့ပြောင်းလုပ်ဆောင်ဖို့ စဉ်းစား ဖွယ် ဖြစ်စေတယ်လို့ ထိုင်းသတင်းစာများမှာ ရေးသား ဖော်ပြလျက်ရှိပါတယ်။ လုပ်အားခ အနိမ့်ဆုံးတစ်ရက် ဘတ် ၃ဝဝ သတ်မှတ် ရေး တွန်းအားပေးလာပါက လုပ်ငန်းထပ်မံ တိုးခဲျ့မည့်ကိစ္စများကို အခြားနိုင်ငံများသို့ ရွှေ့ပြောင်းရန် စဉ်း စားရတော့မယ်လို့လည်း ဘန်ကောက်ရှိ ဂျပန်ကုန်သည်များ အသင်း အမှုဆောင်တစ်ဦးက ပြောကြားတယ်လို့ သိရပါ တယ်။ လတ်တလော လုပ်သား အင်အား လျော့နည်းပြုန်းတီး မှုဟာ ဂျပန်လုပ်ငန်းရှင်များအား စိုးရိမ်မှု ဖြစ်ပေါ်စေပြီး နိုင်ငံခြားသားလုပ်သား ရှာဖွေရတော့မယ်လို့ ထပ်လောင်း ပြောကြားပါတယ်။                       ထိုင်းရင်းနှီးမြှုပ်နံှမှု ဘုတ်အဖွဲ့(B.O.I ) ကလည်း ပြည်ပလုပ်ငန်းရှင်များအား ရွှေ့ပြောင်းလုပ်သားများ ငှာမ်းရမ်း သုံးစွဲခြင်းကို ၆ လအတွင်း ဖြတ်တောက်ရန် အသိပေးထား ကြောင်းနဲ့ ဒီကိစ္စကြောင့်လည်း ဂျပန်လုပ်ငန်းရှင်များအား အခြားအာရှနိုင်ငံများဖြစ်တဲ့ အင်ဒိုနီးရှား၊ အိန္ဒိယတို့ ရွှေ့ ပြောင်းရင်းနှီးမြှုပ်နံှလာစေနိုင်တယ်လို့ ဂျပန်ကုန်သည်များ အသင်း အမှုဆောင်ကပဲ ပြောကြားခဲ့ပါတယ်။ဘန်ကောက်ရှိ ဂျပန်နိုင်ငံခြားကုန်သွယ်ရေးအဖွဲ့ ဥက္ကဌဟောင်း မူနီနိုရီယာမဒါက ''လုပ်ငန်းအမျိုးအစားနဲ့ ကဏ္ဍ အလိုက် လုပ်ခနှုန်းထားပေါ်မူတည်ပြီး အခြားနိုင်ငံများ သို့ ရွှေ့ပြောင်းရင်းနှီးနိုင်စေတယ်'' လို့ ပြောပါတယ်။                Srithai Superware Co. ဥက္ကဌ စနန်အန်ဂူဘိုဂူလ် ကလည်း ပါတနာဂျပန်အချို့ လုပ်အားခ သက်သာမဲ့ အင်ဒို နီးရှားသို့ရွှေ့ပြောင်းသွားနိုင်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ မယ်လမင်းကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းမှာ လုပ်သား ၄၈ဝဝ ရှိပြီး မြန်မာ ၈ဝဝ နဲ့ ကမ္ဘောဒီးယားလုပ်သားများကို ပြည်တွင်း လုပ်သားများနဲ့အတူ လုပ်အားခ တစ်ပြေးညီ ပေးထားပြီး၊ လုပ်အားခ တစ်ရက်ဘတ် ၃ဝဝသို့ တိုးမြှင့်သတ်မှတ်ပါက ထုတ်လုပ်မှုစရိတ် ၁ဝ ရာခိုင်နှုန်း မြင့်တက်သွားမယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလက စပြီး လုပ်ခတိုးမြှင့်မှု အသက်ဝင်ပါက လာမဲ့နှစ်မှာ ပြည်ပရင်းနှီးမြှုပ်နံှမှုများလျော့ကျသွားမည် ဖြစ် ကြောင်းနဲ့ လုပ်အားခကို တဖြည်းဖြည်းတိုးမြှင့်ပေးသင့်ပြီး ပြည်နယ်/ ခရိုင်ဒေသအလိုက် နှုန်းထားခွဲခြားသင့်တယ်လို့ အစိုးရကို တောင်းဆိုလိုကြောင်း ထပ်လောင်းပြောကြားပါတယ်။                    နိုင်ငံခြားဖက်စပ်လုပ်ငန်းကုန်သည်များအသင်း ဒုတိယ ဥက္ကဌ မတ်စပိုင်ဂျယ်မှလည်း လုပ်ခများ အချိန်ယူပြီး ပြင်ဆင် သင့်ကြောင်း အဆိုကို သဘောတူကြောင်း၊ အနိမ့်ဆုံးလုပ်ခ ဘတ် ၃ဝဝ၊ ဘွဲ့ရလုပ်သားတစ်ဦး အနိမ့်ဆုံးလစာ ဘတ် ၁၅ဝဝဝ သည် လုပ်ငန်းလုပ်ဆောင်ရန် အဆင်မပြေနိုင်ဘူးလို့ နိုင်ငံခြားကုန်သည်များက ထိုင်းကုန်သွယ်ရေးဘုတ်အဖွဲ့ကိုပြောကြားတယ်လို့ သတင်းရရှိပါတယ်။              Source: ဘန်ကောက်ပို့စ်၊သောင်းနိုင်